AA အကြမ်းဖက်အဖွဲ့ဝင်များမှ ရမ်းဗြဲမြို့ကိုဖျက်ဆီးရန် တိုက်ပွဲဖန်တီးခဲ့ရာသေဆုံး/ဒဏ်ရာရများပြားပြီး အရပ်သားအယောင်ဆောင်ကာ ဆေးကုသမှု‌လုပ်ဆောင်နေ


ဖေဖော်ဝါရီ ၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မင်းဂံကျေးရွာအုပ်စုရှိ တိုက်နယ်ဆေးရုံတွင် ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းမှစ၍ ရမ်းဗြဲမြို့တိုက်ပွဲအတွင်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့် AA အကြမ်းဖက်အဖွဲ့ဝင် ၂၀ ဦးသည် အရပ်သားအယောင်ဆောင်ကာ ဆေးကုခိုင်းနေသည်ဟု ‌ဒေသခံများထံမှ သိရပါသည်။

၎င်းတို့ကို အဆိုပါဆေးရုံမှ ကုသပေးနေပြီး AA အကြမ်းဖက်အဖွဲ့က ထိုသို့ဆေးလာခိုးကုနေသဖြင့် ဒေသခံများ တက်ရောက်ဆေးကုသခွင့် မရဖြစ်နေကြောင်း ဒေသခံ တစ်ဦးထံမှ သိရှိရသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့မှစ၍ ရမ်းဗြဲမြို့နယ်အား ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် တိုက်ပွဲဖန်တီးခဲ့သော AA အကြမ်းဖက်အဖွဲ့မှာ တပ်မတော်၏ တိုက်ခိုက်ချေမှုန်းမှုကြောင့် တစ်လကျော်အတွင်း ရာဂဏန်းနီးပါး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြားမှာလည်း စနဲ၊ ဇင်ချောင်း၊ မအီစသည့်နေရာများတွင် အရပ်သားအယောင်ဆောင်ကာ ဆေးခိုးကုခိုင်းနေသော်လည်း ဒဏ်ရာပြင်းထန်ခြင်းကြောင့် နေ့စဉ်သေဆုံး‌မှုများ ရှိနေသည်ဟုလည်း သိရှိရသည်။

PAN