ပဲခူးမြို့တွင် တိုက်ခိုက်မှုများပြုလုပ်ရန် ရှော့တိုက်ဒုံးများ သယ်ဆောင်လာသူ ဘုန်းကြီး ၁ ပါးနှင့် လူ ၅ ဦးဖမ်းမိ


ဖေဖော်ဝါရီ ၅

ဖေဖော်ဝါရီ ၂ ရက်နေ့ နေလယ်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်လမ်း၊ ကမာနတ်ကျေးရွာအနီးတွင် ရှော့တိုက်ဒုန်းများတင်ဆောင်လာသော မော်တော်ယာဉ် တစ်စီးဖမ်းဆီးရမိကြောင်း သိရှိရပါသည်။

အဆိုပါမော်တော်ယာဉ်ကို တာဝန်သိပြည်သူများ၏ လျှိုဝက်သတင်းပေးပို့ချက် အရယာဉ်နံပါတ်ပြား အဝါတပ်ဆင်ထားသည့် Nissan March အမျိုးအစားမော်တော်ယာဉ်ကို စစ်ဆေးရာ မော်တော်ယာဉ်ပေါ်တွင် ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးတွေ့ရှိရကြောင်း သိရှိရပါသည်။

အဆိုပါ ကားပေါ်တွင် ဘုန်ကြီး ၁ ပါး၊ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးစီးနင်းလိုက်ပါလာပြီး ကားပေါ်ပါလာသူ ၁ ဦး၏နေအိမ်အား ထပ်မံစစ်ဆေးရာ ၎င်းနေအိမ်မှ ၄၀ မမ လက်လုပ်ဗုံးပစ်လောင်ချာ ၁ လက်နှင့် လက်လုပ်မိုင်း ၁ လုံးတို့အား ထပ်မံတွေ့ရှိရသည်ဟု ပဲခူးမြို့ဒေသခံများထံမှ သိရှိရပါသည်။

အဆိုပါ မော်တော်ယာဉ်ပေါ် ပါလာသည့် ရှော့တိုက်ဒုန်းများသည် ပဲခူးမြို့တွင်တိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် သယ်ဆောင်လာခြင်းဖြစ်သည်ဟု မော်တော်ယာဉ်ပေါ်ပါလာသူများက ထွက်ဆိုထားသည်ဟု သိရှိရပြီး ဆက်စပ်တရားခံများ ခြေရာခံရှာဖွေးလျှက်ရှိ‌ကြောင်း သိရှိရပါသည်။

#PAN