အကြမ်းဖက်သောင်းကျန်းသူ KTLA /PDF ပူး ပေါင်းအဖွဲ့များက ကော့ကရိတ်မြို့ရှိ ဓါတ်မီးတိုင်များကို လှဲချပြီး မိုင်းများ ထောင်ကာ လမ်းပိတ်ထားဟု မြို့ခံများက ဆို

ဖေဖော်ဝါရီ ၄

      ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၆) ရပ် ကွက်၊ ဗိုလ်ချုပ်လမ်းမကြီး၊ မြို့မဘုန်းကြီး ကျောင်းအနီး၊ တယ်လီနော ရုံးအရှေ့တွင် ရှိသော ကော့ကရိတ်မြို့တွင်းသွယ်တန်းထားသည့် ဓါတ်မီးတိုင်များမှာ ယနေ့ နံနက်ပိုင်းတွင် ထက်ပိုင်းကျိုးကျပြီး ဓါတ်မီး တိုင်များလဲကျနေသည်ဟု သိရပါသည်။

      ဖြစ်စဥ်မှာ အကြမ်းဖက်သောင်းကျန်းသူ KTL/PDF အဖွဲ့များက ကော့ကရိတ်မြို့တွင်းရှိ တပ်မတော်လုံခြုံ ရေးအဖွဲ့များကို လာရောက်တိုက်ခိုက်ရာတွင် မြို့အ၀င်မှ စစ်ကူများမလာရောက်နိုင်ရန်အတွက် မြို့တွင်းရှိဓါတ်မီးတိုင်များအားလှဲချပြီး လမ်းပိတ်ထားခြင်းဖြစ် ကြောင်း၊ ၎င်းအပြင် ၎င်းနေရာအနီးတွင် မိုင်းများထောင်ထားခဲ့ကြောင်း မြို့ခံပြည်သူများ၏ သတင်း ပေးပို့ချက်အရ သိရှိရပါသည်။

       အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများ သည် စစ်အာဏာရှင် တော်လှန်ရေးဟု ကဗျည်းတပ်၍ အဖျက်အမှောင့်များကိုသာ ပြုလုပ်နေကြသဖြင့် အရပ်သားပြည်သူများသာ ထိခိုက်ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်ဟု မြို့ခံများက ဆိုပါသည်။

#PAN