အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း၊သာမည ယာဉ်လိုင်းဂိတ်ခန်း၊ရေချိုးခန်းရှိ ရေတိုင်ကီအတွင်းမှ လက်ပစ်ဗုံး၂လုံးဖော်ထုတ်သိမ်းဆည်းရမိ


ဖေဖော်ဝါရီ ၃
ယမန်နေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း၊ (ပ)ကွင်း၊ အခန်း(ခ/၈) ရှိ သာမည ယာဉ်လိုင်းဂိတ်ခန်းတွင် လက်ပစ်ဗုံး ၂ လုံးတွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။

မွန်ပြည်နယ် ၊ ဘားအံမြို့၌ ဖမ်းဆီးရမိသော တရားခံအား စစ်ကြောဖော်ထုတ်ချက်အရ ၎င်းယာဉ်လိုင်းဂိတ် ရေချိုးခန်းအတွင်း လက်ပစ်ဗုံး ဝှက်ထားခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် မင်္ဂလာဒုံဦးစီး တပ်ဖွဲ့ဝင်များ၊ အောင်မင်္ဂလာအဝေးပြေးလုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ရှာဖွေခဲ့ရာ သာမည ယာဉ်လိုင်း ရေချိုးခန်းရှိ ရေတိုင်ကီအတွင်း MG 1အမျိုးအစားလက်ပစ်ဗုံး ၂ လုံးအားတွေ့ရှိခဲ့ပြီး လုပ်ငန်းစဥ်များ ဆက်လက်လုပ်ဆောင်လျှက်ရှိကြောင်း သိရှိရပါသည်။

#PAN

Telegram link

https://t.me/positiveanglenews