မြင်းခြံမြို့နယ်၊စံပြကျေးရွာ အထက်တန်းကျောင်း၌ စစ်မှုထမ်း​ဟောင်းအဖွဲ့ဝင်များကို ကြမ်းဖက် PDF အဖွဲ့ဝင်မှ လာရောက်ပစ်ခတ်တိုက်ခိုက်


ဖေဖော်ဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊စံပြကျေးရွာ အထက်တန်းကျောင်း၌ စစ်မှုထမ်း​ဟောင်းအဖွဲ့ဝင် ဦးတင်မြင့် ဦးစီး ၁၂ဦးသည် လုံခြုံရေးတာဝန် ထမ်းဆောင်နေစဉ် အကြမ်းဖက် PDF အဖွဲ့ဝင် အင်အား ၅၀ဦးခန့်သည်ကျေးရွာ၏အရှေ့ဘက် နေရာမှ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားသည့်နေရာသို့ မြင်းခြံပြည်သူ့စစ်ဌာနေတို့မှ ပါဝင်သော ပူးပေါင်းအဖွဲ့မှ မွန်းလွဲ ၄နာရီ၁၀မိနစ် အချိန်ခန့်တွင် သွားရောက် ရှင်းလင်းရာ အကြမ်းဖက် PDF အဖွဲ့ဝင်များသည် ကျေးရွာ၏ အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပသည်။ ဖြစ်စဥ်တွင် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင် ဦးသာဒွန်း၊၆၇နှစ်၊(ဘ)ဦးဘိုလုံးမှာ ဖြစ်စဉ်နေရာတွင် ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာ ၁ချက်(ကျဆုံး)၊ဦးမြဌေး၊၆၄နှစ်၊(ဘ)ဦးထွန်းရင်မှာ ယာ-ခြေဖမိုး ထိမှန်ဒဏ်ရာ ၁ချက်၊ဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာ ၁ချက်(စိုးရိမ်ရ)ရရှိခဲ့ပြီး ရန်သူ့ဘက်မှ အသက် ၂၅နှစ်ခန့်၊အရပ်ဝတ်ဖြင့် ကျား အလောင်း ၁လောင်းရရှိခဲ့သည်။
ဖြစ်စဥ်တွင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တပ်ဆင်ပေးထားသည့် ကာဘိုင် သေနတ် ၁လက်၊MA-1 ၃လက်၊ပွိုင့်-၃၀ကာဘိုင်ကျည် ၆၀တောင့်၊၅.၅၆ကျည် ၁၈၀တောင့်၊ကျည်အိမ် ၈ ခု၊လွယ်ကြိုး ၄ ချောင်း ရန်သူ့နောက်ပါ ဆုံးရှုံးခဲ့‌ပါသည်။

အကြမ်းဖက် PDF များနောက်သို့ တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြင်းခြံပြည်သူ့စစ်ဌာနေမှ ပြည်သူ့စစ်များပါဝင်သည့် ပူးပေါင်းအဖွဲ့တို့ဖြင့် ပိတ်ဆို့ ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN

Telegram link

https://t.me/positiveanglenews