ကိုဗစ်-၁၉ ချေးငွေ ပြန်ဆပ်ကာလကို ၁ နှစ်တိုးမြှင့်ပေး


ဖေဖော်ဝါရီ ၂

ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားတဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနဲ့ မီဒီယာကဏ္ဍက လုပ်ငန်း စုစုပေါင်း ၈၇၉ ခုအနေနဲ့ ချေးငွေပြန်ဆပ်ရမယ့်ကာလကို ချေးငွေကာလသက်တမ်း ၂ နှစ်ပြည့်သည့်နေ့ကစ၍ နောက်ထပ် ၁ နှစ်ထပ်မံတိုးမြှင့်ပေးလိုက်တယ်လို ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုများ အပေါ် ကုစားရေးလုပ်ငန်းကော်မတီက ဇန်နဝါရီလ ၃၁ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။

အရင်နှစ်က ချေးငွေပြန်ဆပ်ရမယ့်ကာလကို ၁ နှစ်သက်တမ်းတိုးမြှင့်ပေးခဲ့တာဖြစ်ပြီး ယခုထပ်မံ၍ နောက်ထပ် ၁ နှစ် ထပ်မံတိုးမြှင့်ပေးလိုက်တာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုတွေကို ပြန်လည်ကုစားနိုင်ဖိုအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနဲ့ မီဒီယာကဏ္ဍက ထိခိုက်မှုအများဆုံးဖြစ်တဲ့ လုပ်ငန်း တွေကို ကိုဗစ်-၁၉ ရန်ပုံငွေကနေ ချေးငွေသက်တမ်း ၁ နှစ်(အတိုးနှုန်း ၁ ရာခိုင်နှုန်း)သတ်မှတ်ပြီး ကုမ္ပဏီ၊ လုပ်ငန်း စုစုပေါင်း ၈၇၉ ခုကို ၂၀၂၂ ခုနှစ်၊ မတ်လက ချေးငွေပမာဏ ကျပ် ၁၃ ဒသမ ၁၃၂၅ ဘီလီယံကို ချေးငွေထုတ်ပေး ထားရှိတာဖြစ်ပါတယ်။

မြန်မာ့စီးပွားရေးဘဏ်က ချေးငွေထုတ်ယူထားတဲ့ ကုမ္ပဏီလုပ်ငန်းတွေအနေနဲ့ ချေးငွေ အရင်း၊ အတိုး ပြန်လည်ပေးဆပ်ဖို ပျက်ကွက်ပါက ချေးငွေသဘောတူချက်ပါ စာချုပ်အတိုင်းဘဏ်လုပ်ထုံးလုပ်နည်းတွေနှင့်အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး သက်တမ်းတိုးမြှင့်ဖို ခွင့်ပြုထားတဲ့ကာလအတွင်း အကျေပေးဆပ်ရမှာ ဖြစ်တယ် လို အသိပေးကြေညာထားပါတယ်။

#PAN