ကင်ညာတွင် ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၃ ဦးသေဆုံးကာ ၃၀၀ ကျော်ဒဏ်ရာရ

ဖေဖော်ဝါရီ ၂
ကင်ညာနိုင်ငံ၊ Embakasi ခရိုင်တွင် ဓာတ်ငွေ့တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးသည် ဒေသစံတော်ချိန် ည ၁၁ နာရီခွဲတွင် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသအာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။
အဆိုပါပေါက်ကွဲမှုကြောင့် လူနေအိမ်များ၊ စီးပွားရေးလုပ်ငန်းများ အနီးပတ်ဝန်းကျင်ရှိကားများ မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်တွင် လူ ၃ ဦးသေဆုံးခဲ့ပြီး လူ ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသည့် မီးခိုးများ ရှူရှိုက်မိသူများလည်း အသက်ရှူကြပ်သည့် ဝေဒနာကို ခံစားနေရပြီး ကင်ညာ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများပြင်းထန်စွာ ဆောင်ရွက်နေရကြောင်းသိရသည်။

#PAN

Telegram link

https://t.me/positiveanglenews