မော်လမြိုင်-မုဒုံလမ်းမပေါ်တွင် သုံးဘီးယာဉ်တစ်စီး တိမ်းမှောက် ၄ ဦး ထိခိုက်ဒဏ်ရာရရှိ


ဖေဖော်ဝါရီ ၁

မွန်ပြည်နယ်၊ မုဒုံမြိုနယ်၊ မော်လမြိုင်-မုဒုံကားလမ်းပေါ်တွင် သုံးဘီးယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယမန့်နေ့ နံနက်ပိုင်းက မုဒုံမြို၊ ကော့ခပုံကျေးရွာ အဝင်လမ်းထိပ်တွင် အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် သုံးဘီးယာဉ် ပေါ်ပါလာသည့် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဒေသခံကယ်ဆယ်ရေးအဖွဲက မုဒုံဆေးရုံသို ပိုဆောင်ခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရသူ ၄ ဦးအနက်မှ ပြင်းထန်ဒဏ်ရာရရှိသည့် အမျိုးသမီး ၁ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးကို မုဒုံဆေးရုံမှ မော်လမြိုင်ဆေးရုံသို လွှပြောင်းပိုဆောင်ပေးခဲ့ရကြောင်း သိရပါသည်။

PAN