ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ဃလယ်ပြင်ကျေးရွာအပိုင် ၊ ဥရုစွတ် ၊ အိန်ယန်မှော်ကျေးရွာမီးလောင်မှုဖြစ်ပွား


ဖေဖော်ဝါရီ ၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ဃလယ်ပြင်ကျေးရွာအပိုင် ၊ ဥရုစွတ် ၊ အိန်ယန်မှော်ကျေးရွာရှိ အနှိပ်ခန်းအပါအဝင် နေအိမ် ၃ လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရှိရပါသည်။

ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အနှိပ်ခန်းအဆောင်မှစပြီးလောင်ကျွမ်းသည့်မီး‌ကြောင့် အနီးဘေးမှကပ်လျက်ရှိအိမ်များကိုကူးစက်လောင်ကျွမ်းသွားခဲ့ခြင်းလည်းဖြစ်ကြောင်း၊ အနှိပ်ခန်းလာဧည့်သည်မှစည်းကမ်းမဲ့စွန့်ပစ်သည့် ဆေးလိပ်မီးကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရကြောင်းသိရှိရပါသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာကို မီးသတ်ယာဉ်နှစ်စီးနှင့်ကျေးရွာနေပြည်သူများက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရပြီး
ဥရုစွတ်အိန်ယန်ကျေးရွာ၌ အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိပြီး ကျေးရွာအဖြစ်တည်ရှိ‌နေသည့်သက်တမ်းမှာ ခန့်မှန်း ၆ နှစ်ကျော်သာရှိနေသေးကြောင်း ဒေသခံများထံမှသိရှိရပါသည်။

#PAN

Telegram Link

https://t.me/positiveanglenews