အီရန်ရေတပ်က စစ်အင်အားကို တောင်ဝင်ရိုးစွန်းအထိ ဖြန့်ကြက်ရန် စီစဉ်


ဇန်နဝါရီ ၃၀

အီရန်ရေတပ်အနေဖြင့် ၎င်းတို့၏ စစ်အင်အားကို တောင်ဝင်ရိုးစွန်းအထိ ဖြန့်ကြက်ရန် စီစဉ်နေကြောင်း ရေတပ်ဦးစီးချုပ် ရှာရမ်အီရာနီ က ပြောသည်။ ရှာရမ်အီရာနီ က အီရန်ရေတပ်အနေဖြင့် နိုင်ငံ၏အထွတ်အမြတ် အလံကို ကမ္ဘာ့သမုဒ္ဒရာကြီးများ၏ မည်သည့်နေရာတွင်မဆို လွှင့်ထူနိုင်ရန် အသင့်ဖြစ်နေပြီး အနာဂတ်တွင် သမုဒ္ဒရာကွပ်ကဲမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရေတပ်ကို ဖြန့်ကြက်သွားမှာဖြစ်ပြီး ယခု တောင်ဝင်ရိုးစွန်းတွင် ရေတပ်ဖြန့်ကြက်နိုင်ရန် စီစဉ်နေကြောင်း Tasnim သတင်းဌာနတွင် ဖော်ပြထားသည်။

အီရန်နိုင်ငံအနေဖြင့် သမုဒ္ဒရာ သုံးစင်းတွင် ၎င်းတို့၏စစ်အင်အားကို ဖြန့်ကြက်သွားမည်ဖြစ်ကြောင်း အီရန်တပ်မတော်က ၂၀၂၃ ခုနှစ်တွင် ပြောခဲ့သည်။ အဆိုပါ သမုဒ္ဒရာသုံးစင်းတွင် အိန္ဒိယသမုဒ္ဒရာ၊ အတ္တလန္တိတ်သမုဒ္ဒရာနှင့် ပစိဖိတ် သမုဒ္ဒရာ တို့ ပါဝင်သည်။ ထိုရည်မှန်းချက်အတွက် ကွပ်ကဲမှုဌာနချုပ်သုံးခုကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြောထားသည်။

လက်ရှိတွင် အီရန်ရေတပ်သည် အိန္ဒိယသမုဒ္ဒရာအတွင်း စစ်အင်အား ဖြန့်ကြက်ထားနိုင်ပြီး အိန္ဒိယ၊ တရုတ်၊ အိုမန်တို့နှင့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်လျက် ရှိကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

PAN