ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြိုနယ်တွင် ထိုင်းနိုင်ငံသားနှစ်ဦးနှင့် မြန်မာနိုင်ငံသား ငါးဦးတိုကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ထိုင်းနိုင်ငံသားနှစ်ဦးနှင့် မြန်မာနိုင်ငံသား ငါးဦးတို့ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲမှ သိရသည်။

တာချီလိတ် ခရိုင်ရဲတပ်ဖွဲမှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၆ ရက် ညနေ ၆ နာရီခွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆမ်ဆိုင်း(က) ရပ်ကွက်ရှိ မိုဘိုင်းဖုန်းဆိုင်တွင် တရားမဝင်လက်နက်ကိုင်ဆောင်သည့် အဖွဲ့တစ်ဖွဲ့ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ရှာဖွေရာ ထိုင်းနိုင်ငံသားနှစ်ဦးနှင့် မြန်မာနိုင်ငံသားငါးဦးတို့ကို ပစ္စတိုသေနတ် ၄ လက်၊ ၎င်းကျည်အိမ် ၇ ခု၊ ကျည် ၆၂ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုင်းနိုင်ငံသား ၂ ဦးမှာ ပီကျိုင်း(ခ)ပန်နဝစ်ပက်ထွန်(ခ)ကိုးကယ်(ခ)စိုင်းအောင်မိုင်းနှင့် နိုင်းအာနုချေချဘာဂမ်းတို့ ဖြစ်ပြီး ပီကျိုင်းသည် ထိုင်းနိုင်ငံပြစ်မှုဆိုင်ရာတရားရုံးမှ ၂၀၂၁ ခုနှစ်တွင် မူးယစ်အမှုဖြင့်အလိုရှိ တရားခံပြေးဖြစ်သည့်အပြင် မြန်မာနိုင်ငံ တာချီလိတ် ခရိုင်တရားရုံးမှလည်း မူးယစ်အမှုဖြင့် အလိုရှိ တရားခံပြေး တစ်ဦးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသား ၅ ဦးသည် ကျော်အေးထွန်း (ခ) ကျော်ထွန်းအေး၊ စံမိန်း၊ စိုင်းခမ်းလောင်၊ စိုင်းဆေခမ်းနှင့် ညီနပ်တိုဖြစ်ပြီး ယင်းတိုအနက် ကျော်အေးထွန်း (ခ) ကျော်ထွန်းအေးသည် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) မှ အဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း သိရသဖြင့် ၎င်းတိုအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

PAN