ဇန်နဝါရီလအတွင်း ဗဟိုဘဏ်က ဒေါ်လာ သန်း ၇၀ နီးပါး ရောင်းချပေးခဲ့


ဇန်နဝါရီ ၃၀

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အခုနှစ်ဇန်နဝါရီလအတွင်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန် ဒေါ်လာ သန်း ၇၀ နီး ပါး ရောင်းချပေးခဲ့ပြီးဖြစ်တယ်လို ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဇန်နဝါရီလ ၂၉ ရက်မှာ တော့ နိုင်ငံခြားငွေကြေးဈေးကွက်မှာ ခုနစ်ကြိမ်မြောက်ရောင်းချမှုအနေနဲ့ အမေရိကန်ဒေါ်လာ ၉ သန်း ထပ်မံ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီလအတွင်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ ၆၇ သန်းခန့်နဲ့ ထိုင်းဘတ် သန်း ၃၀၀ အထိ ရောင်းချပေးခဲ့ပြီးဖြစ်တယ်လို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါ တယ်။ အခုလို နိုင်ငံခြားငွေတွေ တရားဝင်ရောင်းချပေးတဲ့အတွက် သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့လည်း နိုင်ငံခြားငွေ ဝယ်ယူရေး အခက်အခဲကို အထိုက်အလျောက် ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို သိရပါတယ်။

ဗဟိုဘဏ်အနေနဲ့ ဒီဇင်ဘာလ ၅ ရက်က နိုင်ငံခြား ငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ် ရာမှာ နိုင်ငံခြားငွေလဲနှုန်းကို သတ်မှတ်ပေးမှာမဟုတ်တော့ဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာ ဆောင်ရွက် ခွင့်ပြုကြောင်း ကြေညာထားပြီး ဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၉ ရက်မှာတော့ ပြင်ပနိုင်ငံခြား ငွေကြေး ဈေးကွက်မှာ တစ်ဒေါ်လာကို ကျပ် ၃,၅၀၀ ကျော် ပေါက်ဈေးရှိနေသလို ထိုင်းဘတ် တစ်ဘတ်ကို မြန်မာငွေကျပ် ၁၀၀ ပေါက်ဈေး ရှိနေပါတယ်။

PAN