နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာ၊ အ.ထ.က ကျောင်းဝင်းအတွင်းသို့ အကြမ်းဖက် PDF အဖွဲ့မှ Drop Bombချ တိုက်ခိုက်


ဇန်နဝါရီ ၂၉

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာ၊ အ.ထ.က ကျောင်းဝင်းအတွင်း အခြေပြုလျက် လုံခြုံရေးတာဝန်များ ဆောင်ရွက်နေသော လုံခြုံရေးစစ်ကြောင်းအား ယနေ့ညနေ ၅ နာရီ ၄၀ မိနစ်အချိန်ခန့်က ပြင်စည်ကျေးရွာ၏ အနောက်မြောက်ဘက်မှ အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb ၁ လုံးချ တိုက်ခိုက်ခဲ့ရာ ဗုံးမှာ ကျောင်းဝင်းအတွင်း ရေစက်၊ မီးစက်ထားသည့် အဆောင်ဘေးတွင် ကျရောက်ပေါက်ကွဲခဲ့​​ကြောင်း သိရသည်။

အဆိုပါ Drop Bomb ပေါက်ကွဲမှုကြောင့် လုံခြုံရေးစစ်ကြောင်းမှ တပ်မတော်သား ၂ ဦး ဗုံးဆ ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဒဏ်ရာရ စစ်သည် ၂ ဦးအား မိတ္ထီလာ၊တပ်မတော်စစ်ဆေးရုံ၊ ကုတင်-၅၀၀ သို့ တင်ပို့ကုသထားကြောင်း သိရှိရသည်။

PAN