ရူပီး-ကျပ် တိုက်ရိုက်ပေးချေမှု ဖေဖော်ဝါရီလတွင် စတင်နိုင်မည်

ဇန်နဝါရီ ၂၈

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်ရာမှာ ရူပီး-ကျပ် တိုက်ရိုက်ငွေပေးချေမှုကို လာမယ့်ဖေဖော်ဝါရီ လမှာ စတင်ပေးချေနိုင်တော့မှာဖြစ်တယ်လို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က ပြောပါတယ်။ ဇန်နဝါရီ ၂၆ ရက်ကပြုလုပ်တဲ့ ရူပီး-ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်နဲ့ ပတ်သက်တဲ့ အစည်းအဝေးမှာ ဒေါ်သန်းသန်းဆွေ က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ကုန်သည်တွေကိုလည်း ကုန်သည်စက်မှုအသင်းချုပ် UMFCCI၊ အိန္ဒိယကုန်သည်များအသင်းတိုနဲ့ ပူးပေါင်းပြီး ရှင်းလင်းပွဲတွေ ဆောင်ရွက်သွားမှာဖြစ်တယ်လို ဆိုပါတယ်။ ရူပီး-ကျပ် တိုက်ရိုက်ပေးချေနိုင်မှာ ဖြစ်တဲ့အတွက် အိန္ဒိယနိုင်ငံကနေ အဓိကတင်သွင်းနေတဲ့ ဆေးဝါးနဲ့ကုန်စည်တွေအတွက် ပေးချေနေရတဲ့ အမေရိကန်ဒေါ်လာ လိုအပ်ချက် လျော့နည်းသွားပြီး ကုန်သွယ်မှုအတွက် ငွေပေးချေမှု ပိုမိုလွယ်ကူလာစေမှာဖြစ်သလို ကုန်စည်စီးဆင်း မှုလည်း ပိုမိုအားကောင်းလာစေမှာဖြစ်တယ်လို ဒေါ်သန်းသန်းဆွေ က ပြောပါတယ်။

ရူပီး-ကျပ် တိုက်ရိုက်ပေးချေမှုကို မြန်မာနိုင်ငံဘက်က UAB နဲ့ CB ဘဏ်တွေကို ခွင့်ပြုပေးထားပြီး အိန္ဒိယ ဘက်က Panjub National ဘဏ်ကို ခွင့်ပြုပေးထားတယ်လို သိရပတယ်။

PAN