နွားထိုးကြီးမြို့နယ် ဂွေးပင်တောကျေးရွာရှိ ယာ ခင်းအတွင်း အမည်မသိအမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိ


ဇန်နဝါရီ ၂၈
ယနေ့မွန်းလွဲ၁နာရီအချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊နွားထိုးကြီးမြို့နယ်၊ဂွေးပင်တောကျေးရွာ၊နွားထိုးကြီး-ဂွေးပင်တောကျေးရွာသွား မြေသားလမ်းဘေးရှိ ယာခင်းအတွင်း အမျိုးသားတစ်ဦး ဓါးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဂွေးပင်တောကျေးရွာ​​နေသူ ဦးလှထွန်း ပိုင်ဆိုင်သည့် ယာခင်းအတွင်း အမည်မသိ၊အသက် ၃၅နှစ်ခန့်၊ဖြူ/ညိုရောင် လက်တိုအင်္ကျီ၊နီ/နက်ရောင် ကွက်စိပ်ပုဆိုး ဝတ်ဆင်ထားသည့် အမျိုးသား ၁ဦးအား ရင်ဘတ် ထိုးသွင်းဒဏ်ရာ ၂ချက်၊ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ ၈ချက်၊လည်ပင်း လှီးဖြတ်ဒဏ်ရာ ၁ချက်တို့ဖြင့် လဲကျ သေဆုံးနေကြောင်း သိရသည်။

သေဆုံးသူနှင့်ပတ်သက်၍ ဂွေးပင်တောကျေးရွာနှင့်အနီးဝန်းကျင်ရှိ ​ကျေးရွာများမှ ရွာသူ/သားများကလည်း သေဆုံးသူသည် ၎င်းကျေးရွာများတွင် ​တွေ့ရှိဖူးခြင်းမရှိကြောင်း သိရသည်။

#PAN