ထီးဆောင်း၊ ဆောင်းစစ်ဆေးရေးဂိတ်တွင် အကြမ်းဖက် PDF များ၏ Drone နှင့်ပတ်သက်သည့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆည်းရမိ

ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ထီးဆောင်းစစ်ဆေးရေးဂိတ်တွင် အကြမ်းဖက် PDF များ၏ Drone နှင့်ပတ်သက်သည့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆည်းရမိကြေင်း သိရှိရသည်။

ဇန်နဝါရီလ ၂၅ ရက်၊ နေ့လည် ၂ နာရီခန့်တွင် မြင်းမူမြို့နယ် ထီးဆောင်းစစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတပ်ဖွဲဝင်များ လုံခြုံရေးဆောင်ရွက်နေစဉ် အကြမ်းဖက် PDF များထံသို ပေးပိုရန်အတွက် သယ်ဆောင်လာသော မန္တလေးမြိုမှ မုံရွာမြိုဘက်သို့ ယာဉ်မောင်း ဦးဝင်းနိုင်၊ ၄၃ နှစ်၊ (ဘ)ဦးခင်မောင်အေး၊ မြို့သစ်ရပ်ကွက်၊ မုံရွာမြို့နေသူက မောင်းနှင်ပြီး ယာဉ်နောက်လိုက် မင်းခန့်မောင်၊ ၂၅နှစ်၊ (ဘ)ဦးထွန်းအေး၊ နန္ဒဝန်ရပ်ကွက်၊ မုံရွာမြို့နေသူတို့လိုက်ပါလာသော မုံရွာ-မန္တလေး (မဟာနွယ်)ယာဉ်လိုင်း ယာဉ်အမှတ်၊ 7L-4000 Express ဖြူ/ပြာရောင် ခရီးသည်တင်ယာဉ်ပေါ်မှ RADIOMASTER(Drone Control) ၃ ခု၊ Dube (ဆက်စပ်ပစ္စည်း) ၃ စုံ၊ ပန်ကာဒလက်(HW) ၂၃ ခု၊ GPS ၆ ခု၊ PS 5-3 +Pwr-1 ၃ ခု၊ ပိုက်ဆက်(18 Pcs) ၁၈ ခု၊ ဒရုန်းဒလက်တိုင်(အတို) ၁၈ ချောင်း၊ ဒရုန်းဒလက်တိုင်(အရှည်) ၁၈ ချောင်း၊ ဒရုန်းဓာတ်ခဲ(18650) ၁၀ လုံး၊ DC-DC Power ၆ ခု၊ နတ်တိုင် ၅၅ ခု၊ 12V ဘက္ထရီ ၁ တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

PAN