စဉ့်ကိုင်မြို့နယ် မုံပင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ၌ NLD အမာခံတစ်ဦးကို အကြမ်းဖက် PDF အဖွဲ့ မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်


ဇန်နဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်၊မုံပင်ကျေးရွာအုပ်စု၊မုံပင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ အမျိုးသားတစ်ဦးအား ယနေ့ ညနေ၆နာရီ၁၅မိနစ်အချိန်ခန့်က အမည်မသိ(စိစစ်ဆဲ)အကြမ်းဖက်အဖွဲ့ ၄ဦးခန့်၊ဆိုင်ကယ်၂စီးဖြင့်လာရောက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သွားကြောင်း သိရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ မုံပင်ကျေးရွာနေ ဦးတင်မျိုးလွင်၊၅၀နှစ်၊(ဘ)ဦးဘဌေး၊ဇီးသီးအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး ယာ-နဖူး ဖောက်ဝင်ဒဏ်ရာ ၁ချက်၊နဖူးထိပ် ဖေါက်ထွက်ဒဏ်ရာ ၁ချက်၊ဝဲ-နားနောက် ဖောက်ဝင်ဒဏ်ရာ ၁ချက် ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

အခင်းဖြစ်နေရာ သေဆုံးသူအနီးမှ Thai Arms 9mm အမျိုးအစား ကျည်ခွံ ၃ခု၊ကျည်ဖူး ၁ခုတို့အား တွေ့ရှိခဲ့​​ပြီး သေဆုံးသူ ဦးတင်မျိုးလွင်မှာ ယခင်က NLD အမာခံတစ်ဦးဖြစ်ကြောင်း ယခုအခါ လုံခြုံရေးအဖွဲ့များနှင့် ဆက်သွယ်မှုရှိနေသဖြင့် အကြမ်းဖက်သမားများက သတ်ဖြတ်ခြင်းဖြစ်နိူင်ကြောင်း ဒေသခံများ၏ ပြောကြားမှုအရ သတင်းရရှိသည်။

#PAN