မြင်းခြံမြို့နယ်တွင် ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား၆ ဦး၏ အလောင်းများ တွေ့ရှိ

ဇန်နဝါရီ၂၇

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ကျေးရွာအုပ်စု၊ မကျီးသမျှားကျေးရွာ၏ မြောက်ဘက် ၂ မိုင်ခန့်အကွာ၊ မြင်းခြံ-မကျီးသမျှားကျေးရွာသွား လမ်းဘေး၌ ယနေ့နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်က အမည်မသိ၊ အမျိုးသား ၅ ဦး သေဆုံးနေကြောင်း သိရသည်။

အဆိုပါ သေဆုံးနေသည့်အမျိုးသား ၅ ဦးသည် ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာများဖြင့်သေဆုံးနေပြီး လက်နက်ငယ်ဖြင့် အနီးကပ်ပစ်သတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ၅ ဦးနှင့် ပတ်သက်၍ နီးစပ်ရာ မကျီးသမျှားကျေးရွာ နှင့်အခြားကျေးရွာတို့မှ ရွာသူ/သားများအား စုံစမ်းမေးမြန်းခဲ့ရာ သေဆုံးသူ ၅ ဦးသည် ၎င်းကျေးရွာများတွင် နေထိုင်ခြင်းမရှိကြောင်း သတင်းရရရှိသည်။

အလားတူ ယင်းနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင်လည်း မြင်းခြံမြို့နယ်၊ သစ်ရုံကျေးရွာ၊ မြင်းခြံ-မြို့သာသွားကားလမ်းဘေး သစ်ရုံကျေးရွာအဝင် ဆိုင်းဘုတ်အနီး၌ အသက် ၃၀ နှစ်ခန့်ရှိ အမျိုးသား ၁ ဦး(နေရပ်လိပ်စာ၊ အမည်မသိ)တွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲ-ရင်ဘတ် ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် သေဆုံး နေပြီး သစ်ရုံကျေးရွာ ရွာသူ/သားများမှလည်း သေဆုံးသူသည် သစ်ရုံကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများတွင် တွေ့ရှိဖူးခြင်းမရှိခဲ့ကြောင်း သိရှိရသည်။

PAN