YPS စက်မဖွင့်တဲ့ YBS ယာဉ်လိုင်းတွေကို စစ်ဆေးပြင်ဆင်ပြီး အရေးယူလျက်ရှိ”

ဇန်နဝါရီလ ၂၆

YPS ကတ်စနစ်နဲ့ ပေးချေအသုံးပြုနိုင်တဲ့ YBS ယာဉ်လိုင်းများမှာ စက်ဖွင့်ထားခြင်းမရှိတဲ့ ယာဉ်များကို စစ်ဆေးပြင်ဆင်ပြီး အရေးယူဆောင်ရွက်လျက်ရှိတယ်လို Yangon Payment Service (YPS) ကနေ သိရပါတယ်။
YBS ယာဉ်လိုင်းအချိုမှာ YPS စက်ပိတ်ထားတာနဲ့ပတ်သက်ပြီး စစ်ဆေးပေးဖို လူမှုကွန်ယက်မှာ မှတ်ချက်ပြု ပြောဆိုခဲ့တဲ့အတွက် Yangon Payment Service-YPS ကနေ အခုလိုအရေးယူဆောင်ရွက်နေတာ ဖြစ်တယ်လို သိရပါတယ်။
လက်ရှိအချိန်မှာ YBS ယာဉ်စီးသူများအနေနဲ့ ယာဉ်စီးခနဲ့ပတ်သက်ပြီး YPS Card ကို အသုံးပြုနိုင်သကဲ့သို မိုဘိုင်းဖုန်းနဲ့ စကင်ဖတ်ကာ ငွေပေးချေနိုင်မယ့် YPS QR Code ကို အသုံးပြုနိုင်ပြီဖြစ်တယ်လို သိရပါတယ်။YPS QR Code ကို YBS 13, 55, 57, 63, 42, 65, 22, 64, 111, 133 နဲ့ 134 ယာဉ်လိုင်းတွေမှာ အသုံးပြုနိုင်ပြီဖြစ်တယ်လို သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

#PAN