နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် အကြမ်းဖက်သင်တန်းဆင်း PDFတစ်ဦး ဖမ်းဆီးရမိ

အဆိုပါ လုံခြုံရေးပူးပေါင်းအဖွဲ့ သည် လူနှင့် ခရီးသည်တင်ယာဉ်များအား ရပ်တန့်စစ်ဆေးရာ ရန်-မန်း(လမ်းဟောင်း) အတိုင်း လမ်းလျှောက်လာသူ အောင်သုခ(ခ)ဖန်စီ၊ ၂၀ နှစ်၊ (ဘ)ဦးခင်မောင်အေး ကန်ရိုးကျေးရွာ၊ ကန်ရိုးကျေးရွာအုပ်စု၊ တောင်ငူမြို့နေသူအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရာမှ ၎င်းသည် ၂၀၂၁ ခုနစ် သြဂုတ်လ ၁၃ ရက်နေ့တွင် ထန်းတပင်မြို့နယ်၊ တောကုန်းကျေးရွာအနီး လေညှင်းတောင်ရှိ PDF တပ်ရင်း(၃၅၀၂)တွင် PDF အကြမ်း ဖက်သင်တန်း အမှတ် စဉ်(၁၅)အားတက်ရောက်ခဲ့ကြောင်း၊ ၂၀၂၁ နိုဝင်ဘာ ၀၄ ရက်နေ့တွင် အကြမ်းဖက်သင်တန်းဆင်းပြီးနောက် လိပ်သိုမြို့နယ်၊ဝါသောခိုရွာ အနီးရှိ PDF တပ်ရင်း(၃၅၀၂)၊ တပ်ခွဲ(၅)တွင်ရောက်ရှိတာဝန် ထမ်းဆောင်ခဲ့ကြောင်း၊ ၎င်းတပ်ခွဲ တွင်နေထိုင်စဉ် လိပ်သိုအနီးဝန်းကျင်၌ စစ်ဆင်ရေး(၃)ကြိမ်ခန့် သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။

တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် PDF အကြမ်းဖက်အဖွဲ့တွင် ကိုယ်တိုင်ပါဝင်သူ အောင်သုခ(ခ)ဖန်စီအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅(က)အရ အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

#PAN