မန်ယူတိုက်စစ်မှူး မာရှယ် ဒဏ်ရာကြောင့် ၁၀ ပတ်ခန့် အနားယူရမည်

ဇန်နဝါရီ ၂၅

မန်ယူအသင်းရဲ့ ပြင်သစ် တိုက်စစ်ကစားသမား အန်တိုနီ မာရှယ်က ပေါင်ခြံဒဏ်ရာကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပြီးနောက် (၁၀)ပတ်ခန့်လောက်အထိ အနားယူသွားရတော့မယ်လို့ အသင်းဘက်ကနေ အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

ဒါကြောင့် မာရှယ်လ်ဟာ ဇန်နဝါရီဈေးကွက်မှာ မန်ယူဆီမှာပဲ ရှိနေတော့မှာဖြစ်ပြီး လာမယ့်နွေဈေးကွက်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်မှ အသင်းသစ်ရှာဖွေသွားမယ်လို့သိရပါတယ်။

လာမယ့်နွေမှာတော့ မာရှယ်ကို ခေါ်ယူချင်တဲ့ အသင်းတွေက အလွတ်ကြေးနဲ့ ရရှိနိုင်မှာပဲဖြစ်ပါတယ်။