ကာရဘောင်းဖလားဗိုလ်လုပွဲကို တက်ရောက်လာနိုင်ခဲ့တဲ့ ချယ်လ်ဆီး နဲ့ လီဗာပူးလ်

ဇန်နဝါရီ ၂၅

ယနေ့ နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းက ဖူလ်ဟမ်ကို သရေကစားခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး ၂ ဂိုးနဲ့ ကာရာဘောင်းဖလားဗိုလ်လုပွဲဆီ တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းက စတန်းဖို့ဘရစ်ချ်မှာ ဂိုးပြတ်အနိုင်ရပြီးတက်ရောက်လာနိုင်ခဲ့သလို လီဗာပူးလ်ဟာလည်း နှစ်ကျော့ပေါင်းရလဒ်အသာစီးဖြင့် တက်ရောက်လာနိုင်ခဲ့ပါတယ်။

ထိပ်သီး(၂)သင်းစလုံးဟာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ်ပထမအကျော့ပွဲစဉ်တွင် သရေရလဒ်ထွက်ပေါ်ထားကာ နောက်ဆုံးကစားခဲ့သည့် ပြိုင်ပွဲစုံ (၇)ကြိမ်ဆက် မိနစ်(၉၀)အတွင်း အနိုင်အရှုံးမပေါ်ထားသည့် အသင်းနှစ်သင်းလည်းဖြစ်ပါတယ်။

ထို့ကြောင့် လိဂ်ဖလား(EFL Cup၊ Carabao Cup)ဗိုလ်လုပွဲအဖြစ် ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းဟာ လာမည့် ဖေဖော်ဝါရီ(၂၅)ရက်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းက ဗိုလ်လုပွဲသို့ စံချိန်တင် ၁၄ ကြိမ်မြောက် တက်ရောက်ခဲ့ပြီး ချယ်လ်ဆီးမှာမူ မန်ချက်စတာယူနိုက်တက်အသင်းနှင့်အတူ ၁၀ ကြိမ်မြောက်တက်ရောက်ကာ ဒုတိယအများဆုံး ဖြစ်နေပါတယ်။