ကသာမြို့နယ်၊ ပျဉ်ထောင်လေးကျေးရွာအနီး နယ်မြေ ရှင်းလင်းရေးစစ်ကြောင်းအဖွဲ့နှင့် အကြမ်းဖက် KIA/PDF အဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွား လက်နက်ခဲယမ်များ သိမ်း ဆည်းရမိ

ဇန်နဝါရီလ ၂၃ ရက်

ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ပျဉ်ထောင်လေးကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် အကြမ်းဖက် KIA/PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်းသိရှိရပါသည်။

ယင်းထိတွေ့တိုက်ပွဲမှ သိမ်းဆည်းရမိသော ပစ္စည်းများမှာ KIA ထုတ် K-10 သေနတ် ၂ လက်၊ K-10 ကျည် ၄၉၂ တောင့်၊ ကျည်အိမ် ၆ ခု၊ ပြည်သူ့ကာကွယ်ရေး
အဖွဲ့(စစ်ကိုင်းတိုင်း)ဘက်တံဆိပ်ပါ အင်္ကျီ ၁ ထည်၊ ပြောက်ကျားဦးထုပ် ၁ လုံး၊ အီကွေးမန့် ၃ စုံ တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါသည်။

PAN