တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအတွက် လူတွေ့ဆေးစစ်ဆေးမှုခံယူပြီးဆီးမီးခုံဆိပ်ကမ်းကိုပြန်လာသည့် ရဲတပ်ဖွဲ့ဝင် ၄ ဦး ကို PDF က စောင့်ဆိုင်းပစ်ခတ်သတ်ဖြတ်

ဇန်နဝါရီ ၂၂

တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအတွက် မန္တလေးမြို့သို့ လူတွေ့ဆေးစစ်ဆေးမှုခံယူပြီး မြင်းခြံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး မှဆီမီးခုံနယ်မြေရဲစခန်းသို့ ပြန်လည်ထွက်ခွာခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား PDF အကြမ်းဖက်သမားများမှ လမ်းခုလတ်တွင် အသင့်စောင့်ဆိုင်းကာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်တွင် ဖြစ်ခဲ့ခြင်းဖြစ်ပြီး မြင်းခြံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ထွက်ခွာလာသည့် ရဲတပ်ဖွဲ့ဝင်များအား မြင်းခြံမြို့နယ်၊ တောပုကျေးရွာနှင့် ဆင်းဂွတ်ကျေးရွာကြား၊မြင်းခြံ-ဆီမီးခုံသွားကားလမ်းသို့ရောက်ရှိစဉ် PDF အကြမ်းဖက်အင်အား ၂၀ဦးခန့်မှ အသင့်စောင့်ဆိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒုရဲအုပ် ထင်အောင်ကျော်၊၃၇ နှစ်၊ ရဲဒုတပ်ကြပ် စိုးဇေယျာမင်း၊၃၂နှစ်၊ ရဲတပ်သား အောင်သူရထွန်း၊၂၅နှစ်၊တပ်သား မသော်သော်မျိုး ၂၆နှစ်၊ ရဲတပ်သား မပန်းအိဖြူ၊ ဦးအောင်ဖြိုးသန့်၊၂၃နှစ်တို့ သေဆုံးသွားကြောင်း သိရသည်။

သတင်းအရ လုံခြုံရေးစစ်ကြောင်းနှင့်ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဖြစ်စဉ်နေရာသို့ ရောက်ရှိရှင်းလင်းခဲ့ရာ အကြမ်း ဖက်သမားများနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများသည် အရှေ့တောင်ဘက် ဖက်ရင်းကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့သည့် ရဲတပ်ဖွဲ့ဝင်များနှင့်အတူပါရှိလာသည့် ၃၈ ဗို့ ခြောက်လုံးပြူး ၁လက်၊ ၎င်းကျည်(၁၄)တောင့်၊ အမ်အေ-၁၃ ၁လက်နှင့် ၎င်းကျည် ၁၂၀တောင့် ဘီအေ(၆၃) ၁လက်၊၎င်းကျည် ၁၀၀ တောင့်၊အမ်ဂျီ(၁) လက်ပစ်ဗုံး ၁လုံး ဘီအေ(၆၃) ၁လက်၊၎င်းကျည် ၁၀၀တောင့်နှင့် အမ်ဂျီ(၁) လက်ပစ်ဗုံး ၁လုံးကို PDF အကြမ်းဖက်များမှ ယူဆောင်သွားကြောင်းသိရသည်။

PDF အကြမ်းဖက်များ၏ ပစ်ခတ်မှုကြောင့် ၎င်းတို့ စီးနင်းလာသော WISH(အဖြူရောင်) ယာဉ်၏ ဝဲ/ယာကိုယ်ထည်၊ နောက်လေကာမှန်တို့ လက်နက်ငယ် ကျည်ထိမှန်၍ ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။

PAN