ဒါဘီပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို အနိုင်ရပြီး နောက်တစ်ဆင့်တက်လာတဲ့ အက်သလက်တီကို

ဇန်နဝါရီ ၁၉

ယနေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ စပိန်ဘုရင့်ဖလား ၁၆ သင်းအဆင့်ပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ်တို့ အချိန်ပိုမှာ ခွင့်ပြုလိုက်ရတဲ့သွင်းဂိုးတွေကြောင့် အက်သလက်တီကို ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲက နှုတ်ဆက်ခဲ့ရပြီဖြစ်ပါတယ်။

သာမန်ပွဲကစားချိန်အတွင်း တစ်ဖက်နှစ်ဂိုးစီသရေ ရလဒ်ထွက်ပေါ်ခဲ့တာကြောင့် အချိန်ပိုဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရကာ အချိန်ပိုမှာ လှပတဲ့ သွင်းဂိုးတွေနဲ့အတူ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်ကို ဘုရင့်ဖလားကနေ ဖြုတ်ချလိုက်ကာ၊ စူပါဖလား ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ ဒီပွဲစဉ်ကို ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ၂၁ ပွဲဆက် မရှုံးနိမ့်သေးတဲ့ စံချိန်ဟာ ရပ်တန့်သွားခဲ့ပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီမှာ ရှုံးပွဲ နှစ်ပွဲကြုံတွေ့ထားပြီး ဒီနှစ်ပွဲလုံးဟာ အက်သလက်တီကိုရဲ့ အိမ်ကွင်း မက်ထရိုပိုလီတာနိုမှာ အရှုံးပေးခဲ့ရတာချည်းပဲဖြစ်ပါတယ်။