ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှုအများဆုံး ကစားသမားစာရင်းတွင် ရွန်းနီ၏စံချိန်ကို ဒီဘရိုင်းလိုက်မီ

ဇန်နဝါရီ ၁၇

မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဒီဘရိုင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှုအများဆုံး ကစားသမားစာရင်းတွင် မန်ယူအသင်း ကစားသမားဟောင်း ရွန်းနီ၏ စံချိန်ကို လိုက်မီနိုင်ခဲ့ကြောင်း သိရပါတယ်။

နယူး ကာဆယ်အသင်းကို မန်စီးတီးအသင်းက ၃ ဂိုး – ၂ ဂိုး ဖြင့် အနိုင်ရရှိသည့်ပွဲစဉ်တွင် ဒီဘရိုင်းက အသင်းနှင့် အတူ အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့ကာ ပွဲချိန် ၇၄ မိနစ်တွင် ကိုယ်တိုင်သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သကဲ့သို့ ပွဲချိန် ၉၁ မိနစ်တွင်လည်း အော်စကာဘော့၏ သွင်းဂိုးကို ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

ထို့ကြောင့် မြို့ခံပြိုင်ဘက် မန်ယူအသင်း ကစားသမားဟောင်း တစ်ဦးဖြစ်သည့် ရွန်းနီ၏ဂိုးဖန်တီးမှု ၁၀၃ ကြိမ်စံချိန်ကို လိုက်မီနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးဖန်တီးမှုအများဆုံး ကစားသမားစာရင်းတွင် တတိယနေရာသို့ ရောက်ရှိလာခြင်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှု အများဆုံး ကစားသမားစာရင်းတွင် မန်ယူအသင်း ကစားသမားဟောင်း ရိုင်ယန်ဂစ်က ၁၆၂ ကြိမ်ဖြင့် ထိပ်ဆုံး၌ရပ်တည်နေပြီး ၎င်း၏နောက်တွင် အာဆင်နယ်အသင်း ကစားသမားဟောင်း ဖာဘရီဂက်စ်က ၁၁၅ ကြိမ်ဖြင့် ဒုတိယနေရာ၌ ရပ်တည်နေကြောင်း သိရပါတယ်။