မြစ်ကြီးနားမြို့ ၊ စီတာပူရပ်ကွက်ရှိ ကုန်စုံဆိုင်ဖွင့်ထားတဲ့ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ဇန်နဝါရီ ၁၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊ စီတာပူရပ်ကွက်ရှိ ကုန်စုံဆိုင်ဖွင့်ထားသော နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားကြောင်း သိရှိရပါသည်။

ယနေ့ နံနက် ၅ နာရီအချိန်ခန့်တွင် စီတာပူရပ်ကွက်၊ နယ်မြေ(၅) မှာရှိ၊ နေအိမ်တစ်လုံး၏ အိမ်ရဲ့အောက်ထပ်ရှိ ကုန်စုံဆိုင် ကနေ ဝါယာရှော့ဖြစ်ပြီး မီးလောင်သွားကြောင်းသိရပါသည်။ “အောက်ထပ်မှာရှိတဲ့ ကုန်စုံဆိုင်ကနေ ဝါယာရှော့ဖြစ်ပြီး လောင်တာလို့ပြောတယ် ပြီးတော့ ကုန်စုံဆိုင်ဆိုတော့ ပစ္စည်းတွေလည်း အများကြီးဆိုတော့ အဲကနေလောင်တာပေါ့”လို့ ဒေသခံတစ်ဦး၏ ပြောကြားချက် သိရပါသည်။

မီးစလောင်တဲ့ချိန်သည် နံနက် ၄ နာရီ ၄၈ မိနစ်ဝန်းကျင်ကနေ စလောင်တာဖြစ်ပြီး မီးသတ်ကားကတော့ ၅ နာရီ ၂၀ မိနစ် ရောက်လာပြီး မနက် ၆ နာရီလောက်မှာ အပြီးသတ်မီးငြိမ်းနိုင်ခဲ့ကြောင်း ၊ ပတ်ဝန်းကျင်နေအိမ်တွေမှာ ကူးစက်လောင်ကျွမ်း တာတွေ မရှိကြောင်းသိရှိရပါသည်။

ကုန်စုံဆိုင်နေအိမ် မီးလောင်သွားပေမယ့် မိသားစုဝင်တွေကတော့ အချိန်မှီထွက်ခွာနိုင်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရရှိတဲ့သူ မရှိကြောင်း သိရပါသည်။ မြစ်ကြီးနားမြို့၊ ရပ်ဘူရပ်ကွက်မှာ ယမန်နှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ကလည်း မီးလောင်ကျွမ်းမှု ကြောင့် လူနေအိမ် ၄ လုံးမီးလောင်ကျွမ်းခဲ့ဖူးကြောင်း သိရှိရပါသည်။

PAN