“နှစ်စဉ်ကျင်းပတဲ့ Study in Japan Fair 2024 အွန်လိုင်းမှတစ်ဆင့် ကျင်းပမည်”


ဇန်နဝါရီလ ၁၅


ဂျပန်ဖောင်ဒေးရှင်း(ရန်ကုန်)က ကြီးမှူး၍ နှစ်စဉ်ကျင်းပသည့် Study in Japan Fair 2024 ကို ဇန်နဝါရီလ ၂၆ ရက်မှ ၂၈ ရက်အထိ အွန်လိုင်းကတစ်ဆင့် ကျင်းပသွားမည်ဖြစ်ပြီး ပါဝင်တက်ရောက်လိုသူများအနေနဲ့ Registration Link https://www.okayama-u.ac.jp/user/asean/2024.html မှာ စာရင်းပေးသွင်းနိုင်တယ်လို သိရပါတယ်။
Study in Japan Fair 2024 မှာ ဂျပန်နိုင်ငံရဲ့တက္ကသိုလ် ၃၉ ခု၊ သက်မွေးပညာသင်ကောလိပ်တစ်ခု၊ ဂျပန်ဘာသာစကားကျောင်း ၄ ကျောင်းစသည့် ပညာရေးအဖွဲအစည်း ၄၄ ခု တိုပါဝင်မှာဖြစ်တယ်လို သိရပါတယ်။ Online Study in Japan Fair မှာပါဝင်တဲ့ ကျောင်းတစ်ကျောင်းချင်းစီက မိတ်ဆက်ခြင်း၊ ဝင်ခွင့်စာမေးပွဲနှင့် ပညာသင်ဆု အချက်အလက်များအပြင် အခြားဂျပန်ပညာတော်သင်နှင့် ပတ်သက်တဲ့စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို ဝက်ဆိုဒ်မှတစ်ဆင့် ဝင်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။
ဇန်နဝါရီလ ၂၆ ရက်မှ ၂၈ ရက်အထိ မိမိစိတ်ဝင်စားတဲ့ ကျောင်းရဲ့ Zoom Group Consultation ကို တက်ရောက်ပြီး သက်ဆိုင်ရာကျောင်းတာဝန်ရှိသူများနှင့် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ဆွေးနွေးနိုင်မှာ ဖြစ်တယ်လို လည်း သိရပါတယ်။ Study in Japan Fair 2024 အနေနဲ့ ဂျပန်ပညာတော်သင်ကို စိတ်ဝင်စားတဲ့ လူငယ်များအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။

#PAN

Telegram Link

https://t.me/positiveanglenews