အမေရိကန်လောင်စာဆီတင် သင်္ဘောတစ်စင်းအား အီရန်က အိုမန်ပင်လယ်ကွေ့တွင် ဖမ်းဆီးထိန်းချုပ်

ဇန်နဝါရီလ ၁၃

    အမေရိကန်လောင်စာဆီတင် သင်္ဘောတစ်စင်းအား အီရန်က အိုမန်ပင်လယ်ကွေ့တွင် ဖမ်းဆီးထိန်းချုပ်လိုက်ကြောင်း အီရန်ရေတပ်က  ထုတ်ပြန်သည်။

St Nikolas  အမည်ရှိ အမေရိကန် လောင်စာဆီတင်သင်္ဘောအား   ယခုကဲ့သို့ ဖမ်းဆီး ထိန်းချုပ်လိုက်ခြင်းသည် ၂၀၂၃ ခုနှစ် အတွင်းက အီရန်၏ ရေနံများအား   အမေရိကန်က ခိုးယူခဲ့ခြင်းကို လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း  အီရန်စစ်ဘက်၏ ပြည်သူ့ဆက်ဆံရေး ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

St Nikolas  သင်္ဘောကို ယခင်က ဆူးအက်ရာဂျန်ဟု အမည်ပေးထားပြီး ယင်းသင်္ဘောသည်  အမေရိကန်၏ ကွပ်ကဲမှုအောက်တွင်   အီရန်ရေနံတင် သင်္ဘော တစ်စင်းမှ ရေနံများကို ပြီးခဲ့သည့်နှစ်အတွင်းက ခိုးယူ၍ ၎င်းရေနံများအား အမေရိကန် ဆိပ်ကမ်းများသို့ လွှဲပြောင်းပေးခဲ့ကြောင်း အီရန်၏ ဝက်ဘ်ဆိုက်တွင် ဆက်လက်ဖော်ပြထားသည်။

St Nikolas သင်္ဘောသည် အီရန်၏ ဖမ်းဆီးခြင်းကို ခံရချိန်တွင် ရေနံများကို အမေရိကန်သို့ သယ်ဆောင်လာခြင်း ဖြစ်ပြီး အီရန်ရေတပ်က နောက်ပိုင်းတွင် ၎င်းသင်္ဘောအား အီရန်ဆိပ်ကမ်းသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews