အမေရိကန်နိုင်ငံသူ ဂန္တဝင်အဆိုတော် မာမာအေး ကွယ်လွန်

ဇန်ဝါရီ ၉

တချိန်က မြန်မာနိုင်ငံမှာ ကျော်ကြားလူကြိုက်များခဲ့သည့် ခေတ်ဟောင်းနှင့် ကာလပေါ် ဂန္တဝင် တေးသံရှင် အမေရိကန်သူ ဒေါ်မာမာ​​အေးသည် အမေရိကန်နိုင်ငံ ဖိုဒ်ဝိန်းမြို့ရှိ သူမ၏ နေအိမ်တွင် ကွယ်လွန်သွားကြောင်း သိရသည်။

တေးသံရှင် အဆိုတော်ကြီး မာမာအေးသည် ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၅ နာရီ ၅၈ မိနစ်တွင် ကွယ်လွန်သွားခြင်းဖြစ်ပြီး သူမ ကွယ်လွန်ချိန်တွင် အသက် ၈၂ နှစ်ရှိနေပြီဖြစ်ကြောင်းလည်း သိရှိရသည်။

မြန်မာပြည်ဖွားတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင်အသက်အပိုင်းအခြားတစ်ခုအထိနေထိုင်ခဲ့သည့် ဂန္တဝင်တေးသံရှင် ဒေါ်မာမာအေးသည် အမေရိကန်ကိုပြောင်းရွှေ့နေထိုင်ကာ အမေရိကန်နိုင်ငံသားအဖြစ်ခံယူခဲ့ပြီး သမ္မတဦးသိန်းစိန် လက်ထက်တွင် နိုင်ငံခြားသားများအမြဲနေထိုင်ခွင့် PR လျောက်ထားကာ မြန်မာနိုင်ငံတွင် ခဏတာ ပြန်လည် နေထိုင်ခဲ့သည်။

သူမ သီချင်းများတွင်ရွှေပြည်စိုး နှစ်ကံပြိုင်ဖူးစာ တနေ့ပြန်လာမည် လက်ရေတပြင်တည်း မေ့ဘ၀ခဏဘယ်သူယူပါ့မယ် တစ်နာရီတည်းချစ်ပါရစေ ပင်ချင်းယှက်၍နွယ်ချင်းခက်သော် လူချွန်လူကောင်း ချစ်သူ့နယ်မြေ ဘယ်သူတွေရူးသလဲ စစ်ကိုင်းတောင် ဝင်ရောင်တော်ဘွဲ့(တီးလုံး) ထူးမခြားနား ရောင်တော်ဖွင့် ခြောက်သွယ်ရောင်ခြည် ပဉ္စသီလ အောင်ခြင်း ရှစ်ပါး အနန္တငါးဖြာတေးဘုမ္မာ လှေလှော်သံ ဘဝသံသရာ စသည့်သီချင်းများ ထင်ပေါ်ကျော်ကြားကာ လူကြိုက်များခဲ့သည်။

PAN