ဟစ်ဇ်ဘိုလာမှ ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့မှုကြောင့်မြောက်ဘက်ရှိ အစ္စရေးလေတပ်စခန်းကို ထိမှန်ခဲ့ကြောင်း IDF မှ အတည်ပြု ပြောကြားခဲ့

ဇန်နဝါရီ ၉

      အစ္စရေးနိုင်ငံမြောက်ပိုင်း Mount Meron ရှိ အစ္စ ရေးလေတပ်၏ လေကြောင်းထိန်းသိမ်းရေး စခန်း သည် ဇန်နဝါရီ ၆ ရက်၊ စနေနေ့က ဟစ်ဇ်ဘိုလာတို့၏ ဒုံးကျည်ပစ်ခတ်မှုကြောင့် ပျက်စီးခဲ့သည်ဟု အစ္စရေးတပ်မတော် IDF မှ ဇန်နဝါရီ ၇ ရက်၊ တနင်္ဂနွေနေ့ ညနေပိုင်းတွင် တပ်မတော်ရေဒီယိုမှ အတည်ပြုပြောကြားခဲ့ပြီး IDF မှ လေတပ် လေကြောင်းရန်ကာကွယ်ရေးစနစ်များ ၏ စစ်ဆင်ရေးပြင်ဆင်မှုသည် တိုက်ခိုက်မှု
ကြောင့် ထိခိုက်မှု မရှိခဲ့ဟု ရှင်းလင်း ပြောကြားခဲ့သည်။

      IDF သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ရေ တပ်ဗိုလ်ချုပ်ကြီး Daniel Hagari က “ဟစ်ဇ်ဘိုလာတို့ ပစ်ခတ်မှုတွင် IDF အခြေစိုက်စခန်းတွေဆီ ပစ်ခတ်ပြီး မြောက်ပိုင်းထိန်းချုပ်ရေးဌာနကို ထိမှန်ခဲ့ကာ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘဲ ပျက်ဆီးမှုတွေကို ပြန်လည်ပြုပြင်ဖို့ အရေးကြီးတယ်” ဟု မှတ်ချက်ပေးခဲ့သည်။

      စစ်ပွဲတစ်လျှောက် တိုက်ခိုက်မှုများကို လျှော့ ချနိုင်စေရန် IDF သည် အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ထပ်လောင်း ပြောကြားခဲ့ကာ တိုက်ခိုက်ခဲ့သောအကြမ်းဖက်သမားများကို တူညီသည့်အကျိုး ရစေရမည်ဟု ထပ်မံပြောကြားခဲ့ကြောင်း သိရသည်။

      ဇန်နဝါရီ ၇ ရက်၊ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင်
လက်ဘနွန်မှ ဒုံးကျည်ရှစ်စင်း ပစ်ခတ်ခဲ့ရာ ဟာမွန်တောင်ပေါ်ရှိ Astra စစ်တပ်စခန်းအနီးသို့ ကျရောက်ခဲ့ပြီး IDF မှ လက်ဘနွန်ရှိ ဒုံးကျည်ပစ်ခတ်သည့် နေရာများကို ပြန်လည်ပစ်ခတ်ခဲ့ကာ IDF စစ်ဦးစီးချုပ် Herzi Halevi က ယုဒနှင့် ရှမာရိဒေသ၌ စကားပြောဆိုရာတွင် ဟစ်ဇ်ဘိုလာသည် အစ္စရေးနှင့် ဤ စစ်ပွဲတွင် ပါဝင်ရန် ရွေးချယ်ခဲ့သည်ဟု ပြောကြားခဲ့ပြီး “အဆက် မပြတ် မြင့်တက်နေတဲ့ အလွန်မြင့်မားတဲ့တန်ဖိုးကို ကျွန်တော်တို့ ပြန်လည် ဆောင်ရွက်နေကြောင်း၊ မနေ့က ခုနစ်ဦးကို သတ်ဖြတ် နိုင်ခဲ့၍ အလွန်အရေးကြီးတဲ့ပစ်မှတ် ၂ ခုကိုလည်း ထိမှန်သွားစေခဲ့တယ်၊ မြောက်ပိုင်း ဒေသခံတွေကို နေရပ်မှာ လုံခြုံစိတ်ချစွာ ပြန်နေနိုင်ဖို့ တာဝန် ယူထားပြီး ဒီတာဝန် ကျေပြွန်မှသာ စစ်ပွဲက ပြီးသွား လိမ့်မယ်။ လုံးဝခြားနားတဲ့ အဖြစ်မှန်ကို ဖန်တီးပေးဖို့ စွမ်းအားပြည့် ရဲဝံ့စွာ တိုက်ခိုက်ဖို့ အသင့်ပြင် ထားကြရမယ်၊ နောက်ထပ် စစ်ပွဲကြီးတစ်ခုကို စတင်ကြတော့မှာလား။”ဟု ပြောကြားခဲ့ကြောင်း ဂျေရုဆလင်ပို့စ် သတင်းအရ သိရပါသည်။

#PAN