သပိတ်ကျင်းမြို့နယ် ၊ တကောင်းနယ်မြေရှိ အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ရဲစခန်းကို အကြမ်းဖက် PDFအဖွဲ့မှ Drop Bomb များဖြင့် တိုက်ခိုက်

ဇန်နဝါရီ ၉

ယမန်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင်
မန္တလေးတိုင်းဒေသကြီး ၊ သပိတ်ကျင်းမြို့နယ် ၊ တကောင်းနယ်မြေရှိ အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ရဲစခန်းကို အကြမ်းဖက်PDFအဖွဲ့မှ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခံရကြောင်း သိရှိရပါသည်။

လူသတ်အကြမ်းဖက် PDF အဖွဲ့များက အဆိုပါရုံးကို Drone ဖြင့် Drop Bomb ၄ လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း ၊ဗုံးများက အစည်းအဝေးခန်းမပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့်ရုံး အစည်းအဝေးခန်းမမှ အမိုးသွပ်ပြားများ ဗုံးစထိမှန် ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရပါသည။

ထိုအပြင် အကြမ်းဖက် PDF အဖွဲ့က ည ၁၀ အချိန်တွင်လည်း တကောင်းနယ်မြေ ရဲစခန်းကို Drone ဖြင့် Drop Bomb ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ဗုံးများမှာ ရဲစခန်းအနီး သပြေခင်းအတွင်း ကျရောက် ပေါက်ကွဲရာ ပေါက်ကွဲမှုကြောင့် လူ/အဆောက်အဦး ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်းသိရှိရပါသည်။

ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် လည်း တကောင်းနယ်မြေရဲစခန်းကို ထပ်မံ၍ Drone ဖြင့် Drop Bomb ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ရဲစခန်းအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ/အဆောက်အဦး ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရှိရပါသည်။

#PAN