ပုလော အကြမ်းဖက်PDF ဒုတပ်ရင်းမှူး ကျော်ထင်အောင်နှင့်အပေါင်းအပါတွေက သင်တန်းသား PDFရောင်နီကို သေနတ်ဒင်နှင့်ထုထောင်း၍ ပစ္စတိုသေနတ်ခလုပ်မောင်းတင်ကာချိန်ရွယ်သလို လာရောက်ဖြန်ဖြေတဲ့ CDMဆရာကို ပါးရိုက်

ဇန်နဝါရီ ၅

ဒီဇင်ဘာ ၂၉ ရက်နေ့ကတနင်္သာရီတိုင်း‌ဒေသကြီး ၊ မြိတ်ခရိုင်အကြမ်းဖက်တပ်ရင်း (၁) ပုလောPDF တာဝန်ခံ ဒုတပ်ရင်းမှူး ကျော်ထင်အောင်နှင့်အပေါင်းအပါတွေက PDFရဲဘော်ရောင်နီရဲ့ခေါင်းကို သေနတ်ဒင်နှင့် ရိုက်နှက်ထု‌ထောင်း၍ ခေါင်းကွဲသွား‌သလို သေနတ်ဖြင့်ချိန်ရွယ်ခဲ့ပြီး အချုပ် ၁ လချုပ်‌နှောင်ထားကြောင်းသိရပါသည်။

အဆိုပါဖြစ်စဉ်ကို လာရောက်ညှိနှိုင်းတဲ့ ဒု-ဘဏ္ဍာရေးမှူးCDMကျောင်းဆရာ ကိုစံမျိုးအောင်ကိုလည်းပါးရိုက်ခဲ့သလို ယခင်ကလည်း ၎င်းဒုတပ်ရင်းမှူးက CDM ဆရာမ ၁ ဦးကို သက်သေခိုင်လုံမှုမရှိဘဲ ဖမ်းဆီးစစ်ဆေးခဲ့ဖူးကြောင်းသိရပါတယ်။

ယခုလို လုပ်ထုံးလုပ်နည်းနှင့်မညီပဲလက်နက်အားကိုးနဲ့ အနိုင်ကျင့်နေတဲ့ ဒုတပ်ရင်းမှူးကို NUGအဖွဲ့က အရေးယူပေးဖို့ PDFပညာရေးဘုတ်အဖွဲ့များကော်မတီက တိုင်ကြားထားပေမဲ့ အရေးယူဆောင်ရွက်ပေးခြင်းမရှိဘူးလို့ သိရပါသည်။

ဒီဖြစ်စဉ်ကို အရေးတယူကိုင်တွယ်ဖြေရှင်းပေးမှုမရှိရင် PDFအဝန်းအဝိုင်းကနေ အကုန်နှုတ်ထွက်ကြမယ်လို့ သတင်းတွေလည်း ထွက်ပေါ်လာနေကြောင်း အများပြည်သူသိစေရန် ၎င်းတို့နှင့်နီးစပ်သူတဦးက ထုတ်ဖော်ပြောဆိုထားကြောင်း သိရှိရပါသည်။

#PAN

Telegram Link

https://t.me/positiveanglenews