ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သနပ်ခုံကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး လုံခြုံရေး တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၃၀

       ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သနပ်ခုံကျေးရွာအနီးတွင် ဒီဇင်ဘာလ ၂၇ ရက် နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှား များကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit Media က လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

       အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ် မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဒီဇင်ဘာလ ၂၇ ရက်နေ့က သနပ်ခုံကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်သောင်း ကျန်းသူများ ထိခိုက်ဒဏ်ရာများစွာဖြင့် ဆုတ်ခွာထွက် ပြေးသွားခဲ့ ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရမှုနှင့် ကျဆုံးမှုမရှိကြောင်း သိရှိရပါသည်။

       တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် မြေ ပြင်တွင်ဖြစ်ပေါ်နေသော ဖြစ်စဉ်ဖြစ်ရပ်များကို အခြေ ခံ၍ ပုဂ္ဂိုလ်စွဲ၊ အယူဝါဒစွဲများဖြင့် သတင်းများကို မဟုတ်မမှန်လုပ်ကြံရေးသားပြီး နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားလာစေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ဂုဏ် သိက္ခာကျဆင်းစေရန် ဝါဒဖြန့်လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါ သည်။

#PAN