စူပါလိဂ်မှာ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုကြောင်း စီးရီးအေကလပ်များ ကတိပြု

ဒီဇင်ဘာ ၃၀

       စီးရီးအေကလပ်အသင်းများက လာမယ့် ၂၀၂၄ – ၂၅ ရာသီမတိုင်မီမှာ စူပါလိဂ်ပြိုင်ပွဲကို ပါဝင် ယှဉ်ပြိုင်ခြင်း ပြုမှာမဟုတ်ကြောင်း ကတိပြုလက်မှတ်ရေးထိုးရမယ်လို့ သိရပါတယ်။

      စူပါလိဂ်ပြိုင်ပွဲ ကျင်းပခွင့်ရရှိထားပြီဖြစ်ပြီး စီးရီးအေကလပ် နာပိုလီအသင်း ပါဝင်ယှဉ်ပြိုင်ဖွယ်ရှိတယ်လို့ သတင်းများ ထွက်ပေါ်နေတာကြောင့်  စီးရီးအေတာဝန်ရှိသူများက ရာသီသစ်မစမီ ကတိပြုလက်မှတ် ရေးထိုးတဲ့ အသင်းများကိုသာ စီးရီးအေမှာ ယှဉ်ပြိုင်ခွင့်ပြုရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။

       စီးရီးအေကလပ်အသင်းများအနေဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၊ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) နှင့် အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) တို့မှ ကျင်းပသည့်ပြိုင်ပွဲများကိုသာ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကတိပြု ရမှာ ဖြစ်ပါတယ်။

#PAN