အိုးဘိုထောင်က နိုင်ကျဉ်းအမျိုးသမီးတွေ ကျန်း မာရေးထိခိုက်တဲ့အထိ နှိပ်စက်ခံရပြီး ဆေးကုခွင့်လည်းမရ ဟု ကောလဟလ သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၂၈

      မန္တလေး၊ အိုးဘိုထောင်တွင် နိုင်ငံရေးအမှုနှင့် ထောင်ကျနေသည့်အမျိုးသမီးများကို မနက် အစောပိုင်းမှာ ရေထချိုးခိုင်းပြီး လေသာဆောင်တွင် ထမီရင်ရှားနှင့် ပုံစံထိုင်ခိုင်းခြင်းများ ပြုလုပ်မှုကြောင့် အမျိုးသမီး ၄ ပုံ ၃ ပုံခန့် နာမကျန်းဖြစ်ပြီး ဆေးကုသခွင့်လည်းမရဟု လူမှုကွန်ကွန်ရက်စာမျက်နှာများတွင် ကောလာဟလသတင်းများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

      အဆိုပါသတင်းနှင့်ပတ်သက်၍ အကျဉ်းဦး စီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ “အကျဉ်း ထောင် ဝန်ထမ်းများအနေဖြင့် အကျဉ်းသား/သူ၊ အချုပ်သား/သူများ အပေါ် တွင် စိတ်ပိုင်းဆိုင်ရာနှိပ်စက်ခြင်း၊ မိုက်ရိုင်းစွာပြောဆိုဆက်ဆံခြင်း၊ ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းများမရှိဘဲ အကျဉ်း ထောင်အက်ဥပဒေ၊ လက်စွဲဥပဒေ၊ အမိန့်၊ ညွှန်ကြား ချက်များနှင့်အညီသာ စည်းကမ်းစနစ်တကျ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိကြောင်း” သိရှိရပါသည်။

      တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့်အကျဉ်းဦးစီးဌာန၊ အကျဉ်းထောင်များတွင် နေ့ စဉ်သမားစဉ် လုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်နေခြင်းအပေါ် ပြည်သူအချို့မှ အကျဉ်းဦးစီးဌာနနှင့် အကျဉ်းထောင် ဝန်ထမ်းများအား အထင်အမြင်လွဲမှားစေရန် တမင်ရည် ရွယ်ချက်ရှိရှိ ဝါဒဖြန့်ထိုးနှက်ခြင်းသာ ဖြစ် ကြောင်း သတင်းရရှိသည်။

#PAN