အမေရိကန်က အီရတ်၌ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်

ဒီဇင်ဘာ ၂၈

      အမေရိကန်တပ်ဖွဲ့များက အီရတ်၌ လေကြောင်းတိုက်ခိုက်မှုများကို စတင်လုပ်ဆောင်ကြောင်း၊ အထူး သဖြင့် ကာတေ့ဟစ်ဇဘိုလာ စစ်သွေးကြွများကို ပစ် မှတ်ထားခြင်းဖြစ်ကြောင်း အမေရိကန်အလယ်ပိုင်းတိုင်း ကွပ်ကဲမှုဌာနချုပ်က ထုတ်ပြန်ထားသည်။ အဆိုပါ စစ်သွေးကြွများက အီရတ်နိုင်ငံ၊ကားဒစ်ဒေသ၌ လုပ်ဆောင် သော ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် အမေရိကန်စစ် သည်သုံးဦးဒဏ်ရာရရှိပြီးနောက် အမေရိကန်စစ်ဘက်က ယခု တိုက်ခိုက်မှုကို လုပ်ဆောင်ခြင်း ဖြစ်သည်။

      လေကြောင်းတိုက်ခိုက်မှုများကို ဒီဇင်ဘာလ ၂၅ ရက်ညပိုင်းတွင် လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ဟစ်ဇဘိုလာ စစ်သွေးကြွများ အသုံးပြုသော စခန်းသုံးခုကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန်အလယ်ပိုင်းတိုင်းကွပ်ကဲမှု ဌာနချုပ်က ဒီဇင်ဘာလ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

     စစ်သွေးကြွများက အီရတ်နှင့် ဆီးရီးယားတို့ရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်ပြီးနောက် အမေရိကန်၏ စစ်ဆင်ရေး ဆောင်ရွက်ချက် ထွက်ပေါ် လာခြင်း ဖြစ်သည်။ အမေရိကန် တပ်ဖွဲ့များ၏ လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူ စုစုပေါင်း ၁၉ ဦးရှိကြောင်း၊ ထိုအထဲ တွင် အရပ်သားများလည်းပါဝင်ကြောင်း အီရတ်အစိုးရက ထုတ်ပြန်ထားသည်။။

      အလားတူ အမေရိကန်၏ တိုက်ခိုက်မှုများ သည် အီရတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးရာရောက်ကြောင်း အီရတ်ဝန်ကြီးချုပ်ရုံး ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း RT သတင်းဌာနမှ သိရသည်။

#PAN