သံဖြူဇရပ်မြို့နယ် ၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုဦးစီးမှူးဟိန်း‌ဇေယျာဝင်း၏ မော်တော်ယာဉ် ၊လက်တော့ ၊ဖုန်းတို့ကို အကြမ်းဖက်KNU,PDFအဖွဲ့မှ ခြိမ်းခြောက် သိမ်းယူ

ဒီဇင်ဘာ ၂၈

ယနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်တွင် မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုဦးစီးမှူး၏ မောတော်ယာဉ် ၊ ဖုန်း ၊ လက်တော့များကို အကြမ်းဖက် KNU,PDF အဖွဲ့မှ ခြိမ်းခြောက်၍ သိမ်းယူသွားကြောင်း သိရှိရပါသည်။

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုဦးစီးမှူးဟိန်း‌ဇေယျာဝင်နှင့်၎င်း၏ငယ်ချင်းဖြစ်သူ ကိုသန်းထိုက်အောင်တို့သည် ဆည်မြောင်းအသုံးပြုမည့် စက်ကရိယာများ ရွှေ့ပြောင်းရေး လမ်းအခြေအနေသွားရောက်စစ်ဆေးစဉ် လမိုင်းမြို့ ၊ အောင်သပြေကျေးရွာ ၊ သံဖြူဇရပ်-ရေး ကားလမ်းမတွင် KNU / PDF အကြမ်းဖက် (ခေါင်းဆောင် စိစစ်ဆဲ)အဖွဲ့မှ ယာဥ်များ တားဆီးစစ်ဆေးရာ ဒုဦးစီးမှူး၏ ကိုယ်ပိုင်မော်တော်ယာဥ် Honda ZEST(လိုင်စင်စိစစ်ဆဲ) ၊ လက်ကိုင်ဖုန်း ၊ Laptop Computer တို့ကို သိမ်းယူခဲ့ပြီး ဒုဦးစီးမှူးဟိန်းဇေယျာဝင်းနှင့် သန်းထိုက်အောင်တို့ကို ရေး-သံဖြူဇရပ် လိုင်းကားဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဒုဦးစီးမှူးနှင့်၎င်း၏သူငယ်ချင်းဖြစ်သူ ၂ ဦးတို့သည် ညနေ ၄ နာရီအချိန်တွင် သံဖြူဇရပ်မြို့ ၊ ကြာကန်ရပ်ကွက်နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး
မော်လမြိုင်မြို့ ၊ ဆည်မြောင်းဦးစီးဌာနမှ ခရိုင်အင်ဂျင်နီယာမှူးက ခေါ်ယူသဖြင့် လိုင်းကားဖြင့် မော်လမြိုင်မြို့သို့ ထွက်ခွာသွားကြောင်း သိရှိရပါသည်။

#PAN

Telegram link

https://t.me/positiveanglenews