ပရီးမီးယာလိဒ် အားကစား သတင်းများ

ဒီဇင်ဘာ ၂၈

• အိမ်ကွင်းမှာ အသက်ရှုချောင်ခဲ့တဲ့ ချဲလ်ဆီးအသင်း

      ပရီးမီးယားလိဂ်ရဲ့ ဒီဇင်ဘာလ Boxing Day မှာ ချဲလ်ဆီးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
      လက်ရှိရာသီမှာ ချဲလ်ဆီးအသင်းဟာ ရလဒ်တွေဆိုးရွားနေခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲမှာ တစ်ပွဲသာအနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို နောက် ဆုံးမိနစ်မှာပင်နယ်တီနဲ့ အနိုင်ရရှိခဲ့ပါတယ်။
     အစောပိုင်းပွဲချိန်မှာ ချဲလ်ဆီးအသင်းဟာ မူဒရစ်ရဲ့ သွင်းဂိုးနဲ့ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ပထမပိုင်းပွဲပြီးခါနီးမှာ ခရစ္စတယ်ပဲလေ့စ်အသင်းက ချေပဂိုးပြန်လည်သွင်း နိုင်ခဲ့ တာကြောင့် တစ်ဖက်တစ်ဂိုးစီနဲ့ သရေရလဒ်ဖြစ်ပေါ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာနှစ်ဖက်အသင်းက အပြန်အလှန် ဖိအားပေးကစားထားနိုင်ခဲ့ပြီး ပွဲပြီးခါနီး ၈၉ မိနစ်မှာ ချဲလ်ဆီးအသင်းက ပင်နယ်တီရရှိခဲ့ပြီး မက်ဒူကီ က သွင်းယူနိုင်ခဲ့တာကြောင့် ချဲလ်ဆီးအသင်း အသက်ရှုချောင်ခဲ့ရတာ ဖြစ်ပါတယ်။

• အမှတ်ပြည့်ယူနိုင်ခဲ့တဲ့ မန်စီးတီးအသင်း

      ပရီးမီးယားလိဂ် Boxing Day မှာ မန်စီးတီးအသင်းဟာ အဲဗာတန်အသင်းကို အနိုင်ယူခဲ့ပြီး အမှတ်ပြည့်ရယူ နိုင်ခဲ့ပါတယ်။
      လက်ရှိရာသီအမှတ်ပေးဇယား အဆင့် (၄) မှာ ရောက်ရှိနေတဲ့ မန်စီးတီးအသင်းဟာ အိမ်ရှင်အဲဗာတန်အသင်း ကို ဖိအားပေးကစားထားနိုင်ခဲ့ပါတယ်။ ပွဲစဉ်အစောပိုင်းမှာ အဲဗာတန်အသင်းက ဟယ်ရစ်ဆန် ရဲ့ သွင်းဂိုးနဲ့ ဦးဆောင် နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ မန်စီးတီးအသင်းအတွက် ဖို့ဒန်၊ အဲဗရက်နဲ့ ဘာနာဒိုဆေးဗားတို့က အသီးသီးသွင်းယူခဲ့ပြီး အမှတ်ပြည့် ရယူနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းက လက်ရှိရာသီမှာခြေစွမ်းမတည်ငြိမ်မှုတွေနဲ့ ဒဏ်ရာရကစားသမား တွေများပြားနေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် (၁)နေရာမှ အသင်းနဲ့ ရမှတ်ကွာဟမှု မရှိသေးတာ ဖြစ်ပါတယ်။

• ဘန်လေအသင်းနဲ့ပွဲမှာ VAR ကြည့်ပြီးဆုံးဖြတ်ခဲ့တဲ့ ဒိုင်လူကြီးကို ရယ်စရာကောင်းတယ်လို့ ဝေဖန်လိုက်တဲ့ လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်

      လီဗာပူးလ်အသင်း နည်းပြ ယာဂန်ကလော့ပ် ဟာ ဘန်လေအသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အဲလီယတ် ရဲ့ သွင်းဂိုးကို VAR ကြည့်ကာ ပယ်ချခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်က ရယ်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။
      ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘန်လေအသင်းနဲ့လီဗာပူးလ်အသင်းတို့ ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် ကွင်းလယ်ကစားသမား အဲလီယက်စ်က ဒုတိယမြောက်ဂိုး သွင်းယူပေးခဲ့ပေမယ့် အဲလိယတ် ဂိုးသွင်းချိန်မှာ ဆာလာ လူကျွံနေတယ်လို့ဆိုကာ ကွင်းလယ်ဒိုင် ပေါလ်တီယာနေး က VAR ပြန်ကြည့်ပြီး အဆိုပါသွင်းဂိုးကို ပယ် ဖျက်ခဲ့တာ ဖြစ်ပါတယ်။
      ဒါကြောင့် ဘန်လေအသင်းနှင့်ပွဲအပြီးမှာ လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က အဲလီယတ်ရဲ့ သွင်းဂိုးကို ပယ်ချခဲ့တဲ့လုပ်ရပ်မှာ ဘော လုံးတစ်ခါမျှမကစားဖူးသူတစ်ဦးရဲ့ လုပ်ရပ်မျိုးဖြစ်ပြီး ရယ်စရာကောင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ဝေဖန်ခဲ့ခြင်းဖြစ်ပါတယ်။

#PAN