အစ္စရေး၏ ဒုံးကျည်ဖြင့်တိုက်ခိုက်မှုကြောင့် အီရန်တပ်မှူးတစ်ဦးသေဆုံး

ဒီဇင်ဘာ ၂၇

     ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့ တောင်ဘက်တွင် ဒီဇင်ဘာ ၂၅ ရက် ညနေပိုင်းက အီရန်တိုက်ခိုက်ရေးသမားများ သိမ်းပိုက်ထားသည့်နေရာများကို အစ္စရေးက တိုက်ခိုက်ခဲ့ရာ အကြီးတန်း အီရန်တပ်မှူး ဆာယာဒ်ရီဇာမိုဇာဗီ သေဆုံးခဲ့ကြောင်း မီဒီယာများက ပြောကြားသည်။

      အစ္စရေးဒုံးကျည်များသည် ဒမတ်စကတ်တောင်ဘက် Sayyida Zainab ဒေသရှိ လက်ဘနွန်စစ်သွေး ကြွအဖွဲ့ ဟစ်ဇ်ဘိုလာနှင့် အီရန်ပြည်သူ့စစ်များ ပိုင်ဆိုင်သည့်နေရာများကို အထူးပစ် မှတ်ထားခြင်းဖြစ် ကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့ လာရေးအဖွဲ့က ထုတ်ဖော်ပြောကြားခဲ့သည်။

      ၎င်းပစ်ခတ်မှုအတွင်း ဆီးရီးယားစစ်တပ်နှင့် ဆက် နွှယ်နေသည့် အီလက်ထရွန်နစ်စစ်ဆင်ရေး ပစ်မှတ်နေရာများတွင် ပြင်းထန်သော ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့သည်။ အသေအပျောက် သတင်းများ ထွက်ပေါ်ပြီးနောက် လူနာတင်ယာဉ်များ အခင်းဖြစ်ပွားရာသို့ ရောက်ရှိခဲ့သော်လည်း နောက်ထပ်အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိကြောင်း ဗြိတိန်အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။

      တစ်ချိန်တည်းတွင် လက်ဘနွန်အခြေစိုက် အာရပ်ရုပ်သံလိုင်းတစ်ခုဖြစ်သည့် al-Mayadeen TV က အဆိုပါ ဒေသတွင် အစ္စရေး ၏ ပစ်ခတ်မှုအတွင်း အီရန်၏ အစ္စလာမ္မစ်တော် လှန်ရေးအစောင့်တပ် (IRGC) မှ အဆင့်မြင့် တပ် မှူး  ဆာယာဒ် သေဆုံးမှုနှင့်ပတ် သက်သည့်သတင်းအချက်အလက်များ ရရှိထားသည်ဟု အခိုင်အမာဆိုသည်။ အဆိုပါတိုက်ခိုက်မှုအတွင်း အီရန်နိုင်ငံသား နှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

       အီရန်ထိပ်တန်းတပ်မှူး ကွာဆင်ဆိုလေမန်နီ၏ တွဲဖက်ဖြစ်သူ အကြီးတန်းတပ်မှူး ဆာယာဒ်ရီဇာမိုဇာဗီသေဆုံးသွားကြောင်း အီရန်မီဒီယာများက အတည်ပြုခဲ့သည်။

#PAN