ပုဗ္ဗသီရိမြို့နယ်၊ သုခဒီပရပ် ကွက် ၊ ပိတောက်လမ်း နှင့်ရာဇသင်္ဂဟ လမ်းဆုံထောင့်တွင် အမျိုး သမီး တစ်ဦး ခါးတစ်ပိုင်းပြတ်လျက် သေဆုံးနေသည်ကို တွေ့ရှိရ

ဒီဇင်ဘာ ၂၇

     နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သုခဒီပရပ် ကွက် ၊ ပိတောက်လမ်း နှင့်ရာဇသင်္ဂဟ လမ်းဆုံထောင့်တွင် ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်တွင် အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း သတင်းအရ တာဝန်ရှိ ရဲတပ် ဖွဲ့ဝင်များနှင့် ရပ် ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တို့က သွားရောက်စစ် ဆေးကြည့်ရှုရာ (အမည်မသိ) အမျိုး သမီး တစ်ဦးခါးတစ်ပိုင်းပြတ်လျက်သေဆုံးနေကြောင်း တွေ့ရှိရသည်ဟု သိရသည်။

       အဆိုပါ (အမည်မသိ)အမျိုးသမီးတွင် အမည်း ရောင်ပေါ် အဖြူအစင်းပါ အင်္ကျီ၊ ပန်းရောင် ဘောင်း ဘီရှည် ဝတ်ဆင်ထားပြီး ဝဲဘက်အိပ်ကပ်အတွင်းမှ (Samsung)ဖုန်း ၁ လုံး၊ရွှေလက်စွပ် ၂ ကွင်း၊ ရွှေဆွဲကြိုး ၁ ကုံး၊ရွှေလက် ကောက် ၁ ကွင်းအလေးချိန် (စိစစ်ဆဲ)၊ ဘောပင် ၁ ချောင်းတို့ကို တွေ့ရှိသိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

    အဆိုပါဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၅ ရက်နေ့ ညက လာရောက်ပစ်ထားခဲ့ဟန်ရှိပြီး စုံးစမ်းရရှိမှုအရ သေ ဆုံးသူအမျိုးသမီး၏ အမည်မှာ မစုမွန်သန်း ဟု သိရသည်။ ၎င်းမှာ ဆရာဝန်ကြီးတစ်ဦး၏ ဇနီးဖြစ်သည်ဟု သတင်းများလည်း ထွက်ပေါ်လျက်ရှိပါသည်။

       အဆိုပါ အမျိုးသမီး၏ ခန္ဓာကိုယ် နှစ်ပိုင်းပြတ် ရုပ်အလောင်းအား နေပြည်တော်၊ ပုဗ္ဗသိရိမြိုနယ် ခုတင်-၃၀၀ ဆေးရုံကြီးရေခဲတိုက် (ရင်ခွဲ ရုံ)သို့ ပို့ ဆောင်ခဲ့ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးမှုများပြုလုပ်လျှက်ရှိကြောင်းနှင့် နယ်မြေ ရဲစခန်းတွင် အမှုဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN