ပရီးမီးယာလိဒ် အားကစား သတင်းများ

ဒီဇင်ဘာ ၂၆

• လီဗာပူးလ်အသင်း ပင်နယ်တီရသင့်တယ်လို့ဆိုတဲ့ ဆာလီဘာ

      ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်က ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့လီဗာပူးလ်အသင်းတို့ပွဲစဉ်မှာ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ အာဆင်နယ်အသင်း ပယ်နယ်တီပေးခံရသင့်တယ်လို့ အာဆင်နယ် အသင်း နောက်ခံလူ ဆာလီဘာ က ဝန်ခံပြောကြားခဲ့ပါတယ်။
      အာဆင်နယ်က တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရချိန်မှာ ဆာလာနဲ့ ဘောလုံးယှဉ်လုရင်း အာဆင်နယ်အသင်း ခေါင်းဆောင် အော်ဒီဂတ် လက်နဲ့ထိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ လက်ထိဘောကို ကွင်းလယ်ဒိုင် ကာဗန်နော့ချ် က ပယ်နယ်တီမပေးခဲ့သလို VAR ဒိုင်ကလည်း အခုဖြစ်ရပ်ကို ကွင်းထဲက မော်နီတာကနေ ပြန်ကြည့်ဖို့ မညွှန်ကြားခဲ့ပါဘူး။ ဒါကြောင့် လီဗာပူးလ်အသင်းနည်းပြ ကလော့ပ် က ဒေါသဖြစ်ကာပေါက်ကွဲခဲ့ရပါတယ်။

• ၂၀၂၃ ခုနှစ်မှာ ရှုံးပွဲအများဆုံးအသင်း ဖြစ် လာတဲ့ချဲလ်ဆီးအသင်း

      ချဲလ်ဆီးအသင်း ပိုင်ရှင်အသစ် တော့ဒ်ဘိုလေ က ကစားသမား ခေါ်ယူမှုအတွက် အသုံးစရိတ် ပေါင် တစ် ဘီလီယံ ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအသင်းဟာ လက်ရှိရာသီမှာ ရလဒ်တွေဆိုးရွားနေပြီး အဝေးကွင်း လေးပွဲဆက် ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒါဟာ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် အဝေးကွင်း ရလဒ်ဆိုးနေတာ ဖြစ်ပါတယ်။
      ချဲလ်ဆီးအသင်းရဲ့တိုက်စစ်ဟာ လက်ရှိရာသီပရီးမီးယားလိဂ်မှာ Big Chance ၃၆ ကြိမ်အထိရရှိခဲ့ပေမယ့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိရာသီပရီးမီးယားလိဂ်အသင်းတွေအနက် Big Chance တွေကို အများဆုံးဖြုန်းတီးနေတာ ဖြစ်နေပါတယ်။
      ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ယူရိုပါကွန်းဖရန့်လိဂ်ဝင်ခွင့်ရဖို့ မသေချာတာကြောင့် ချဲလ်ဆီး အသင်းပရိသတ်တွေက စိတ် ပျက်လျက်ရှိနေပြီး ချဲလ်ဆီးအသင်း ဟာ ၂၀၂၃ ခုနှစ်အတွင်း ပရီးမီးယားလိဂ် ရှုံးပွဲက ၁၉ ပွဲအထိရှိလာတာကြောင့် ပရီးမီးယားလိဂ်အသင်းတွေထဲမှာ ရှုံးနိမ့်မှုအများဆုံးအသင်း ဖြစ်ခဲ့ပါတယ်။

• ပယ်နယ်တီမပေးလို့ ဒေါသထွက်ခဲ့တဲ့ လီဗာပူးလ်အသင်းနည်းပြ ကလာ့ပ်

      အာဆင်နယ်အသင်းနဲ့ တစ်ဂိုးစီသရေကျတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပယ်နယ်တီမရလို့ လီဗာပူးလ်နည်းပြ ကလေ့ာပ်ဒေါသထွက်နေခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်အတွင်းမှာ အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ် လက်နဲ့ ထိပေမယ့် လီဗာပူးလ်အသင်းက ပယ်နယ်တီမရရှိခဲ့ပါဘူး။
      လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် က အာဆင်နယ်အသင်းကို ထိန်းချုပ်ကစားနိုင်တဲ့ လီဗာပူးလ် အသင်းရဲ့ တိုက်ပွဲဝင်စိတ်နဲ့ စွမ်းဆောင်ရည်ကိုချီးကျူးခဲ့ပေမယ့် အခွင့်အရေးကို အသုံးချပြီး အနိုင်မယူနိုင်ခဲ့လို့ စိတ်ပျက်မိတယ်လို့ဆိုခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်ကြောင့် အာဆင်နယ်အသင်းဟာ အဆင့်(၁) နေ ရာမှာ ဆက်လက် ရပ်တည်နေကာ လီဗာပူးလ်အသင်းက တစ်မှတ်အကွာနှင့် အဆင့် (၂) နေရာမှာ ရပ်တည်နေပါတယ်။

• ခရီးအဝေးဆုံးသွားရမယ့် ပရီးမီးယားကလပ်အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ နယူးကာဆယ်အသင်း

      နယူးကာဆယ်အသင်းဟာ ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲကျပ်ကာလအတွင်း ခရီးအဝေးဆုံးသွားရမယ့် ပရီးမီးယားလိဂ်ကလပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၈၄၅ မိုင်အထိ သွားရမှာ ဖြစ်ပါတယ်။
      ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲအများစုမှာ ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလမှာ အနားပေးရက်သတ်မှတ်ထား ပေမယ့် ပရီးမီးယားလိဂ်မှာမူ အစဉ်အလာအတိုင်း ယင်းကာလအတွင်း ပွဲစဉ်သုံးပွဲအထိ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
      ပွဲကျပ်ကာလအတွင်း ခရီးအကွာအဝေး အများဆုံးသွားရမယ့် ပရီးမီးယားလိဂ်ကလပ်အဖြစ် နယူးကာဆယ် အသင်းက ၈၄၅  မိုင်နဲ့ ရပ်တည်နေပါတယ်။ နယူးကာဆယ်အသင်းဟာ ဒီဇင်ဘာလ ၂၃ ရက်မှာ ကစားရတဲ့ လူတန်အသင်းနှင့် အဝေးကွင်းပွဲစဉ်အတွက် အသွား အပြန် မိုင် ၅၀၀ အထိ သွားခဲ့ရပြီး Boxing Day မှာ နော်တင်ဟမ်အသင်းနှင့် အိမ်ကွင်းကစားပြီးနောက် ဇန်နဝါရီလ ၁ ရက်မှာ လီဗာပူးလ်အသင်းနှင့် အဝေးကွင်းပွဲ အတွက် အသွားအပြန် မိုင် ၃၅၀ နီးပါး ထပ်မံသွားရောက်ရမှာ ဖြစ်ပါတယ်။
      နယူးကာဆယ်အသင်းရဲ့နောက်မှာ ဘန်လေအသင်းက ၇၁၄ မိုင်၊ ဘုန်းမောက်အသင်းက ၆၂၇ မိုင်၊ မန်ယူအသင်းက ၆၂၄ မိုင်၊ အဲဗာတန်အသင်းက ၆၀၆ မိုင်နဲ့ အစဉ်လိုက် ရပ်တည်လျက်ရှိပါတယ်။

#PAN