၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ ၁၄၅,၀၀၀ ကျော်ရှိ

ဒီဇင်ဘာ ၂၅

      ၂၀၂၄ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ ၁၄၅,၂၀၀ ဝန်းကျင်ရှိသည်ဟု ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က ဒီဇင်ဘာလ ၂၃ ရက်က ပြောကြားခဲ့ပါသည်။

       ယခုကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲမှာ စနစ်သစ်ပညာရေး၏ ပထမဆုံးတက္ကသိုလ်ဝင်တန်း စာမေး ပွဲဖြစ်သည့်အတွက် ဆရာ၊ ဆရာမများအနေနှင့် အောင်မြင်စွာကျင်းပနိုင်ရေး ပိုမိုအလေးထား ဆောင် ရွက်ရမည်ဟု ဆိုပါသည်။

       ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားမှာဖြစ်သည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါသည်။

        ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ၁၆၀,၀၀၀ ကျော်ရှိခဲ့ပြီး အောင်မြင်သူ တစ်သိန်းတစ်သောင်းနီးပါး ရှိခဲ့သည်ဟု ပညာရေးဝန်ကြီး ဌာနမှ သိရပါသည်။

#PAN