အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်တွင် ရေကြီးမှုကြောင့် လူ ၃၅ ဦး သေဆုံး

ဒီဇင်ဘာ ၂၅

      အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီလ်နာဒူးပြည်နယ်တွင် ယခုသီတင်းပတ်အတွင်း ရေကြီးမှုနှင့် မိုးရွာ သွန်းမှုဆိုင်ရာ မတော်တဆမှုများကြောင့် အနည်းဆုံး လူ ၃၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရအရာရှိတစ်ဦးက ဒီဇင်ဘာ ၂၃ ရက်တွင် ပြောကြားသည်။

      မကြုံစဖူး မိုးရွာသွန်းမှုကြောင့် ခရိုင်အများအပြား ၌ ဆိုးရွားစွာ ထိခိုက်ခဲ့ပြီး မြေနိမ့်ပိုင်းဒေသများ ရေနစ်မြုပ်ကာကားလမ်းနှင့်ရထားလမ်း ဆက်သွယ်မှုကို ဆိုးရွားစွာပျက်စီးခဲ့ကြောင်း သိရသည်။

      ထို့ကြောင့် ရေကြီးမှုဒဏ်သင့်ဒေသများတွင် ကယ် ဆယ်ရေးလုပ်ငန်းများ ပြီးမြောက်အောင် ဆောင်ရွက် လျက်ရှိကြောင်း တမီလ်နာဒူးပြည် နယ်၏ အတွင်းရေး မှူးချုပ် ရှစ်ဒက်မီနာကပြောကြားသည်။

      ရေကြီးမှုကြောင့် လမ်းပေါင်း ၁၇၅ လမ်း ပျက်စီးသွားခဲ့ပြီး ယင်းလမ်းများအနက် လမ်းတချို့မှာ ပြန် လည်ပြုပြင်ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့်လမ်းများကို ပြန်လည်ပြုပြင်ရန် လုပ်ဆောင်နေကြောင်း ၎င်းကဆိုသည်။ ထို့ပြင် မရှိမဖြစ်လိုအပ်သည့် ရေပေးဝေမှုကိစ္စကဲ့သို့သော တခြားဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

       ရေဘေးသင့်ဒေသများမှ လူပေါင်း ၅၀၀၀၀ နီးပါးကို လုံခြုံသောနေရာများသို့ ကယ်ဆယ်နိုင်ခဲ့ကြောင်းလည်း သိရသည်။ ရေကြီးမှုနှင့် မိုးသည်း ထန်စွာရွာ သွန်းမှုကြောင့် လူနေအိမ်များစွာ ပျက် စီးခဲ့ပြီး ရေနစ်မြုပ်မှုကြောင့် သီးနှံစိုက်ခင်း ဟက် တာ ၁၈၃၀၀၀ ပျက်စီးခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။

#PAN