မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ အမြောက်တပ် (၃၁၀)မှ တပ်ဖွဲ့ဝင်များ လိုက်ပါလာသော ကားကို လက်နက်ငယ်၊ ၄၀မမဖြင့် ပစ် ခတ်မှုကြောင့် တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၂၄

       မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ အမြောက်တပ် (၃၁၀)မှ တပ်ဖွဲ့ဝင် ၄ ဦး လိုက် ပါလာသောကားကို ဒီဇင်ဘာလ ၂၃ ရက် နံနက်ပိုင်းက သိမ်ဇရပ်မြို့ အမှတ်(၁)ရပ်ကွက်၊ ရွာလေးရွာ၊ စက်ပစ် ကွင်းသို့သွားသော လမ်းထိပ်တွင် အကြမ်းဖက်သမားများက လက်နက်ငယ်၊ ၄၀ မမ တို့ဖြင့် ပစ်ခတ်မှုကြောင့် တပ်ဖွဲ့ဝင် ၃ ဦး သေ ဆုံးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ KhitThit က လူမှုကွန်ရက်စာမျက်နှာတွင် သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေး သားဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

        ဖြစ်စဉ်အမှန်မှာ ဒီဇင်ဘာလ ၂၃ ရက် နံနက်ပိုင်းက သိမ်ဇရပ်မြို့တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သောင်းကျန်းသူများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများမှ ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက်အရ သိရှိရပါသည်။

       ထိုသို့ သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည့် တရားမဝင်ပြည်ဖျက်မီဒီယာ၊ အကြမ်းဖက်အားပေးမီဒီယာ KhitThit သည် လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးပဋိပက္ခများကို အခြေခံ၍ နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုကို ပျက် ပြားစေရန်၊ တပ်မတော်နှင့် ပြည်သူများက အထင် အမြင်လွှဲမှားစေရန် လုပ် ကြံသတင်းများ ရေးသားပြီး သတင်းအဆိပ်ခတ်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN