မြောက်ကိုရီးယားက Hwasong-18 အစိုင်အခဲလောင်စာဆီ ICBM ကို အမေရိကန်အား ‘သတိ’ ပေး လွှတ်တင်ခဲ့ကြောင်း ပြောကြား

ဒီဇင်ဘာ ၁၉

     မြောက်ကိုရီးယားသည် တနင်္လာနေ့နံနက်တွင် Hwasong-18 လောင်စာတောင့်တင် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) ကို ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

     ခေါင်းဆောင် Kim Jong Un သည် ”အမေရိကန်နှင့် ကိုရီးယားသမ္မတနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ လူဆိုးဂိုဏ်းများ” သို့ “ရှင်းလင်းသောသတိပေးချက်ပေးပို့ရန်” ဒုံးကျည် ပစ်လွှတ်မှုကို ကြီးကြပ်ခဲ့သည်ဟု Korean Central News Agency (KCNA) က အင်္ဂါနေ့တွင် အစီရင်ခံခဲ့ပြီး အဆိုပါစမ်းသပ်မှုသည် ပြုံယမ်း ၏ “ပြင်းထန်သော ဒေါသနှင့် ပြင်းထန်သော လက်စား ချေလိုစိတ်” ကို ပြသကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

       သောကြာနေ့က ဝါရှင်တန်တွင်ကျင်းပသော အမေရိကန်-တောင်ကိုရီးယား နျူကလီးယားအတိုင်ပင်ခံအဖွဲ့ (NCG) ၏ ဒုတိယအကြိမ် ဆွေးနွေးပွဲနှင့် ဒုံးကျည်စမ်းသပ်မှုကို လုပ်ဆောင်ရန် တွန်းအားအဖြစ် USS Missouri နျူကလီး ယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ရောက်ရှိလာခြင်းတို့ကို အစီ ရင်ခံစာက တိုက်ရိုက်ကိုးကားခဲ့သည်။

       မြောက်ကိုရီးယားအပေါ်  မှားယွင်းသော ဆုံး ဖြတ်ချက်ချသောအခါတွင် အမေရိကန်ကို နျူက လီးယားဒုံးကျည်ကို ပစ်လွှတ်ရန် ပြင်ဆင်သည့် ဒုံးကျည်စမ်း သပ်မှုကို လက်တွေ့ သရုပ်ပြကြောင်း ကင်မ်က ပြောကြားခဲ့သည်။

      ဓာတ်ပုံများတွင် ဒုံးကျည်ကို ပြုံယမ်းအရှေ့ဘက်ရှိ သစ်သီးခြံတစ်ခုတွင် လမ်းမပေါ်တွင် ရပ်ထားသည့် မိုဘိုင်းသယ်ယူပို့လွှတ်သည့် လောင်ချာ(TEL) မှ ပစ်လွှတ်ခဲ့ခြင်းကို ပြသထားသည်။

      အဆိုပါ ဒုံးကျည်သည် ၆၂၃ မိုင် (၁၀၀၂.၃ ကီလို မီတာ) အကွာအဝေးတွင် ၄,၄၁၅ စက္ကန့် (၇၃.၅ မိနစ်) ကြာ ပျံသန်းနိုင်ပြီး အမြင့်ဆုံး အမြင့်ပေ ၄,၀၅၀ မိုင် (၆၅၁၈.၂ ကီလိုမီတာ) ရှိကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားပြီး တနင်္လာနေ့တွင် စမ်းသပ်ပြီးနောက် မကြာမီတွင် ဂျပန်စစ်ဖက်မှ အကဲဖြတ်ချက်များနှင့် ကိုက်ညီသည်ဟု ဆိုသည်။

      ယခုနှစ်အစောပိုင်းက တောင်ကိုရီးယားသို့ ဗျူဟာမြောက်ပစ္စည်းများ ယာယီဖြန့်ကျက်ချထားမှု၏ “မြင်ကွင်း” တိုးမြှင့်မည်ဟု အမေရိကန်က ပြောကြားထားသောကြောင့် မြောက်ကိုရီးယားသည် ဒုံးကျည်ပစ်လွှတ်မှုနှင့် သတိပေးချက်များဖြင့် ပစ္စည်းများရောက်ရှိလာသည်ကို ကိုက်ညီစွာတုံ့ပြန်ခဲ့သည်။

      ဝါရှင်တန်၊ ဆိုးလ်နှင့် တိုကျိုတို့က တနင်္လာနေ့တွင် ပစ်လွှတ်မှုသည် ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်ခြင်းအဖြစ် ရှုတ်ချခဲ့ပြီး ကုလသ မဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့် ရှိသူက မြောက်ကိုရီးယားသည် သက်ဆိုင်ရာ လုံခြုံ ရေးကောင်စီ၏ ဆုံး ဖြတ်ချက်များအပါအဝင် နိုင်ငံ တကာ တာဝန်များကို အပြည့်အဝလိုက်နာရန် တောင်းဆိုခဲ့သည်။

      မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Pak Myong Ho သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နှင့် အဆင့်မြင့်ဆွေးနွေးပွဲအတွက် ဘေဂျင်းမြို့၌ ရောက်ရှိနေသည်။ အချိန် ကိုက်နေသော်လည်း Wang က “ဆက်သွယ်ရေးနှင့်ညှိနှိုင်းရေးကိုတိုးမြှင့်ရန်၊ နယ်ပယ်အသီးသီးတွင်ဖလှယ်မှုနှင့် ပူးပေါင်းဆောင် ရွက်မှုကို ပိုမိုနက်ရှိုင်းစေလိုသည်” ဟုပြောကြားခဲ့သည်ဟု သိရသည်။

       တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူ Wang Wenbin သည် ပြုံယမ်း၏ ICBM ပစ်လွှတ်မှုကို ဘေဂျင်းက ရှင်းရှင်းလင်း လင်း “ထောက်ခံခြင်း ရှိ၊ မရှိ” နှင့်ပတ်သက်၍ သတင်းထောက်တစ်ဦး၏ မေး ခွန်းကို တနင်္လာနေ့တွင် ဖြေဆိုရန် ငြင်းဆိုခဲ့သည်။ “စစ်တပ်ရဲ့ ဟန့် တားမှုနဲ့ ဖိအားပေးမှုတွေကနေ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားတာဟာ အလုပ်မဖြစ်ဘူးဆိုတာကို အပြည့်အဝ သက်သေပြနေတယ်၊ ဆန့်ဘကျင်ဘက်ကိုပဲ လုပ်ဆောင်ပြီး ပြဿနာတွေနဲ့ တင်း မာမှုတွေကို ပိုဆိုးသွားစေမှာပါ” ဟု ပြောရေးဆိုခွင့် ဗရှိသူက ပြောကြားခဲ့သည်။

      တရုတ်နိုင်ငံသည် ၂၀၁၇ ခုနှစ်တွင် မြောက်ကိုရီးယား၏ ICBM ဒုံးကျည်ပစ်လွှတ်မှုနှင့် နျူစမ်း သပ်မှုတို့ကို ရှုတ်ချခဲ့ပြီး ထိုနှစ်တွင် ကုလသမဂ္ဂတွင် မြောက်ကိုရီးယားအပေါ် ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုများကို ဆန့်ကျင်ကျော်ဖြတ်ရန် ကူညီပေးခဲ့သည်ဟု သိရပါသည်။

#PAN