၇ ဂိုးပြတ်ဖြင့် အနိုင်ကစားမည်ဆိုပေမယ့် သရေတစ်မှတ်နဲ့ကျေနပ်လိုက်ရတဲ့ လီဗာပူးလ်အသင်း

ဒီဇင်ဘာ ၁၈

      စူပါဆန်းဒေးရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ ပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ လီဗာပူးလ်အသင်းနှင့် မန်ယူအသင်းတို့ ပွဲစဉ်မှာ ဂိုးမရှိသရေရလဒ် ဖြစ်ပေါ်ခဲ့ပြီး ရမှတ်တစ်မှတ်စီခွဲယူခဲ့ကြရပါတယ်။

      လီဗာပူးလ်အသင်းဟာ အိမ်ကွင်း အန်ဖီးလ်မှာ ကစားသမားအစုံအလင်ပါဝင်ခြင်းမရှိတဲ့ မန်ယူအသင်းကို ၇ ဂိုး ပြတ်နဲ့အနိုင်ယူချင်တယ်လို့ ဆိုခဲ့ပေမယ့် မန်ယူအသင်းက အကောင်းဆုံးပြန်လည် ခုခံကစားခဲ့တာကြောင့် သရေ ရလဒ်နဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

       ဒါကြောင့် လီဗာပူးလ်အသင်းဟာ ရမှတ် ၃၈ မှတ်နဲ့ အဆင့် (၂) နေရာကို ရောက်ရှိခဲ့သလို မန်ယူအသင်းက အဆင့် (၇) မှာ ရပ်တည်နေပါတယ်။

#PAN