အဝါရောင်စတေကာတပ်ဆင်ပြီး Taxi လေးသောင်းကျော်ရှိ

နိုဝင်ဘာ ၁၁

     လက်ရှိအချိန်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲနေသော City Taxi ယာဉ်များအနက် အဝါရောင် ဘေးစတေကာ တပ်ဆင်ပြီးစီးသွားသည့် ယာဉ်အစီးရေမှာ လေးသောင်းကျော်အထိ ရှိနေပြီဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော် မတီ YRTC မှ သိရပါသည်။

       City Taxi ယာဉ်များကို အခြားယာဉ်များနှင့် ကွဲကွဲ ပြားပြား ထင်သာမြင်သာရှိစေရန် ယာဉ်အန္တရာယ်ကင်းရှင်းစေရန် နိုင်ငံတကာ Taxi ယာဉ်များနည်းတူဖြစ်စေရန် ရည်ရွယ်ပြီး City Taxi ယာဉ်များ၏ ဘေးနှစ်ဖက်တွင် အဝါရောင် ဘေးလိုင်းစတေကာများ တပ်ဆင်ရန် ညွှန်ကြားထားခြင်း ဖြစ်ပါသည်။ လက်ရှိအချိန်အထိ အဝါရောင်ဘေးစတေကာ တပ်ဆင်ပြီးစီးသွားသည့် ယာဉ်အစီးရေမှာ လေးသောင်းကျော်အထိရှိပြီး ၇၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီ ဖြစ်သည်ဟု ဦးလျန်ကျင့်မန် က ပြောပါသည်။

       City Taxi ယာဉ်များမှာ အဝါရောင်ဘေးစတေကာကပ်သည့် လုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင် ဘာလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ ပညာပေးကာလ သတ်မှတ်ထားပြီး အဆိုပါကာလ ကျော်လွန်လာပါက  အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်မည် ဖြစ်သည်ဟု သိရပါသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် City Taxi ယာဉ်အစီးရေဟာ ခြောက်သောင်းဝန်းကျင်ခန့် ရှိသည်ဟုလည်း သိရပါသည်။

#PAN