
နိုဝင်ဘာ ၁၁
အစ္စရေးနှင့် ဟားမတ်စ်တို့ကြား ပဋိပက္ခဖြစ်ပွားမှု စတင်သည့်အချိန်မှစပြီး တစ်လတာအတွင်း ပါလက်စတိုင်းနိုင်ငံ၏ ပြည်တွင်းထုတ် ကုန်တန်ဖိုးသည် လေးရာခိုင်နှုန်းကျော်လျော့ကျသွားသည်ဟု ကုလသမဂ္ဂ အစီရင်ခံစာတွင် ခန့် မှန်း ရေးသားထားကြောင်း သိရသည်။
ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်နှင့် အခြားကုလသမဂ္ဂ အဖွဲ့တစ်ခုဖြစ်သည့် အနောက်အာရှစီးပွားရေးနှင့် လူမှုရေးကော်မရှင်က ပါလက်စတိုင်းစီးပွားရေးအပေါ် ဂါဇာစစ်ပွဲ၏ သက်ရောက်မှုများနှင့်ပတ်သက်ပြီး အစီရင်ခံစာတစ်စောင် ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
ပါလက်စတိုင်းနိုင်ငံ၏ ပြည်တွင်းထုတ်ကုန်တန်ဖိုးသည် .၄ ဒသမ ၂ ရာခိုင်နှုန်း လျော့ကျသွားသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ ပြည်တွင်းထုတ်ကုန်တန်ဖို လျော့ကျမှုပမာဏသည် အမေရိကန်ဒေါ်လာ ၈၅၇ သန်းခန့် ဆုံးရှုံးမှုရှိကြောင်း သိရသည်။ အစ္စရေးနှင့် ဟားမတ်စ် ပဋိ ပက္ခသည်ဒုတိယလအတွင်း ဆက်လက်ဖြစ်ပွားမည်ဆိုပါက ပြည်တွင်းထုတ် ကုန်တန်ဖိုးသည် ၈ ဒသမ ၄ ရာခိုင်နှုန်း လျော့ကျမည်ဟုလည်း အစီရင်ခံစာတွင် ခန့်မှန်းထားသည်။
အလားတူ တတိယလအတွင်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပါက ပြည်တွင်းထုတ်ကုန်တန်ဖိုးသည် ၁၂ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားနိုင်ကြောင်း သိရသည်။ ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံခန့် ဆုံးရှုံးမည် ဖြစ်သည်။
တတိယလအတွင်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပါက ပါလက်စတိုင်းနယ်မြေအတွင်း ဆင်း ရဲမွဲတေမှုနှုန်းသည် ၄၅ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာမည်ဟု အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။
#PAN