မြစ်သားမြို့နယ်၊ပင်လယ် (မိုင်းမော)မြို့ဟောင်းတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွား၊ဆင်း တုတော်တစ်ဆူတူးဖော်တွေ့ရှိ

နိုဝင်ဘာ ၁၁

     မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြိုနယ်၊ ကန်ဆွယ်ကျေး ရွာအနီးရှိ ပင်လယ်(မိုင်မော) မြို့ဟောင်းတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွား ဆင်းတုတော်တစ်ဆူကို တူးဖော်တွေ့ရှိခဲ့ကြောင်း​၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှနိုဝင်ဘာလ ၉ ရက်နေ့ကသတင်းထုတ်ပြန်ခဲ့သည်။

      “မြို့ဟောင်းတူးဖော်ရာမှာအခုလို၊ပျူခေတ်လက် ရာ၊ငွေခေါင်းပွဗုဒ္ဓရုပ်ပွားဆင်းတုတော်တွေ၊အရင်ကလည်းတွေ့ခဲ့ဖူးပါတယ်။ ဗုဒ္ဓရုပ်ပွားဆင်း တုတော်တွေအပြင်၊ ပျူခေတ်ကဒင်္ဂါးတွေ၊ အရိုးအိုးတွေနဲ့ မြင်စီးရုပ်အုတ်ချပ်တွေကိုလည်း တူးဖော်တွေ့ရှိခဲ့ဖူးပါတယ်။ မိုင်းမောမြို့ဟောင်းက၊အလွန်နေရာကျယ်ပြီး မြို့ရိုး ၃ ထပ်တိတိရှိတဲ့ ပျူမြို့ဟောင်းကြီးပါ။ ကျနော့်အထင်ပြောရမယ်ဆိုရင်အကျယ်အဝန်းက ၇ မိုင်၊ ၈ မိုင်ပတ်ချာလယ်လောက်ရှိမယ်။ သုတေသနတူးဖော်ရေးလုပ် ငန်းတွေကို မိုင်းမောမြို့ဟောင်းမှာ နှစ်စဥ် တစ်နေရာပြီး တစ်နေရာ စဥ်ဆက်မပြတ် အမြဲလုပ်နေသင့်ပါတယ်” ဟု၊စာရေးဆရာသမိုင်းသုတေသီ၊ ဆရာ ဗိုလ် ရှိတ်မှ အကြံပြုပြောကြားခဲ့သည်။

        ရှေးဟောင်းဗုဒ္ဓရုပ်ပွားဆင်းတုတော်ကို မြစ်သားမြို့နယ်၊ ကန်ဆွယ်ကျေးရွာ၏အရှေ့တောင်ဘက်ရှိ ပင်လယ်(မိုင်းမော)ပျူမြိဟောင်း၏အပြင်ဘက်တွင်ရှိသော  တူးဖော်မှုကုန်းအမှတ်-၂၂(က) မြေပြင်အနက် ၂၈ စင်တီမီတာ(၁၁ လက် မ)တွင် နိုဝင်ဘာလ၇ရက်နေ့က တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ဆင်းတုတော်၏ အတိုင်းအတာမှာ ဉာဏ် တော် (ဆံတော်ဖျားမှ အောက် ခြေ ပလ္လင်အထိ) ၆.၅ စင်တီမီတာ၊ ဦးခေါင်းတော်လုံး ပတ် ၄.၂ စင်တီမီတာ၊ ပုခုံးအကျယ် ၁.၈ စင်တီမီတာ၊ နားတော် ၀.၈ စင်တီမီတာ၊ ဒူးခွင်အကျယ် ၂.၂ စင်တီမီတာ၊ ပလ္လင်တော် အောက်ခြေအချင်း ၂.၇ စင်တီမီတာရှိပြီး အလေး ချိန်အားဖြင့် ၀.၀၄၀ ကီလို ဂရမ်ရှိကြောင်း သိရသည်။

     ပင်လယ်(မိုင်းမော)မြို့ဟောင်းကို ၁၉၇၈ – ၁၉၇၉ ဘဏ္ဍာရေးနှစ်၊ ဒီဇင်ဘာလမှစတင်၍ တူးဖော်ရေးရာသီတိုင်း တူးဖော်သုတေသနပြုခဲ့ပြီး  ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ တူးဖော်မှု ကုန်းပေါင်း ၂၃ ကုန်းကို တူးဖော်သုတေသနပြုခဲ့ပြီးဖြစ်ပါသည်။ ၁၉၈၁-၁၉၈၂ ဘဏ္ဍာရေးနှစ်တွင် ဆောင် ရွက်ခဲ့သော တူးဖော်မှုကုန်းအမှတ်-၈ တူးဖော်မှုမှ ငွေဆင်း တုတော်နှစ်ဆူကိုလည်း ကောင်း၊ ၂၀၀၅ ခုနှစ်တွင် မိုင်းမောကျေးရွာ အရှေ့ တောင်ဘက် ကင်းတားဆည်လက်တံဖောက်လုပ်ရာမှ ဒေသခံတစ်ဦးက ရွှေဆင်းတု ၈ ဆူ၊ ရွှေငွေအရောဆင်းတု ၄ ဆူ၊ ငွေစေတီ ၂ ဆူနှင့် ငွေသတ္တုစပ် ဆင်း တု ၁ဆူတို့ကို လည်း ကောင်း တွေ့ရှိခဲ့ရပြီးဖြစ်ကာ ၎င်းဆင်းတုတော်များ အားလုံးသည် ဉာဏ်တော်အမြင့် သိသာစွာကွာခြားမှုမရှိသော်လည်း လက်အနေအထားမုဒြာဟန်များမှာ အနည်းငယ် ကွဲပြားခြားနားမှု ရှိ ကြောင်း သိရသည်။

      တူးဖော်သုတေသနပြုရာမှ တွေ့ရှိရသော အထောက်အထားများအရ မိုင်းမော(ပင်လယ်) မြို့ဟောင်း၏ ဗုဒ္ဓဘာသာဗိသု ကာနှင့်အနုပညာသမိုင်းရုပ်သွင်ပြင်သည် ပိုမိုပီပြင်မှုရှိလာပြီဖြစ်ရာ ရှေးခေတ် သမိုင်းစဉ်နှင့် ရာဇဝင်ကျမ်းများ၊ ဖော်ပြချက်များ ပိုမိုခိုင်မာမှန်ကန်မှုရှိစေရေးအတွက် ရှေး ဟောင်းသုတေသ အထောက် အထားများသည် အလွန်အရေးပါသောကြောင့် မိုင်းမော(ပင်လယ်) မြို့ဟောင်းတူးဖော်သုတေသနပြုမှုများမှ တွေ့ရှိအထောက်အထားများ သည် မြန်မာ့သမိုင်းစဉ်အတွက် အထောက်အပံ့ကောင်းများ ဖြစ်ကြောင်း သိရသည်။

#PAN